“တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ရက် ၃ ရက် ထပ်တိုးကျင်းပ”

05 Nov

ရာသီဥတုအခြေအနေကြောင့် ပြိုင်ပွဲဝင်မီးပုံးပျံများ လွှတ်တင်နိုင်ခြင်းမရှိသေးတဲ့အတွက် တောင်ကြီး တန်ဆောင်တိုင်ပွဲတော်ကို ၃ ရက် ထပ်မံတိုးမြှင့်ကျင်းပမယ်လို့ သိရပါတယ်။ ယခင်က သတ်မှတ်ထားတဲ့ ပွဲတော်ရက်မှာ အောက်တိုဘာလ ၂၉ ရက်မှ နိုဝင်ဘာလ ၄ ရက်အထိဖြစ်ပေမယ့် နိုဝင်ဘာလ ၇၊ ၈၊ ၉ ရက်တို့ကို ပွဲတော်ရက်အဖြစ် ကျင်းပသွားမှာဖြစ်ပါတယ်။ တောင်ကြီးတန်ဆောင်တိုင် မီးပုံးပျံ ပွဲတော်မှာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နေ့လွှတ်မီးပုံးပျံ များပြားတာကြောင့် အောက်တိုဘာလ ၂၇ ရက်ကစပြီး လွှတ်တင်ကာ ကျင်းပလျက်ရှိပါတယ်။ ယခုနှစ်မှာ နေ့လွှတ်မီးပုံးပျံ အရုပ်စာရင်းတွင် ခြေနှစ်ချောင်း ၁၈၉ လုံး၊ ခြေလေးချောင်း ၁၀၂ လုံး၊ အုပ်စုအလုံး ၆၆ လုံး စုစုပေါင်း ၃၅၇ လုံးရှိကာ ညလွှတ်မီးပုံးပျံစာရင်းတွင် စိန်နားပန် ၃၇ လုံး၊ ၂၂ ပေ ၂၅ လုံး၊ ၂၅ ပေ ၁၈ လုံး စုစုပေါင်း ညလွှတ်အလုံး ၈၀ ဖြစ်ကြောင်း သိရပါတယ်။ (NVS 004)

05 Nov

ADVERTISE HERE .