“လမ်းမတော်ပွဲဈေးကို ၂ ရက် ထပ်မံထပ်တိုး၍ ကျင်းပ”
05 Nov
ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်မှာ ပြုလုပ်နေတဲ့ လမ်းမတော်ပွဲဈေးကို ၂ ရက်ထပ်မံ တိုးမြှင့်လိုက်ကြောင်း ပွဲတော်ကျင်းပရေးကော်မတီမှ သိရပါတယ်။ လမ်းမတော်မြို့နယ်ရဲ့ တန်ဆောင်တိုင် မီးထွန်းပွဲတော်နှင့် ဈေးရောင်းပွဲတော်ကို နိုဝင်ဘာလ ၁ ရက်က စတင်ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲဈေးကို နိုဝင်ဘာလ ၁ ရက်မှ ၅ ရက်အထိ ကျင်းပပြုလုပ်ရန်သတ်မှတ်ခဲ့ပေမယ့် ရာသီဥတုအခြေအနေကြောင့် နှစ်ရက်ထပ်မံတိုးမြှင့်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်အထိပြုလုပ်သွားမှာဖြစ်ပါတယ်။ လမ်းမတော်မြို့နယ်ရှိ အနော်ရထာလမ်းတစ်လျှောက် ဝါးတန်းလမ်းထိပ်မှ လမ်းမတော်လမ်းထိပ်အထိ ဆိုင်ခန်းပေါင်း ၁၈၀ ကျော် ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရပါတယ်။ (NVS 004)
05 Nov