ဖီအိုရင်တီးနားနည်းပြ ပီအိုလီ ရာထူးက ထုတ်ပယ်ခံရဖို့ နီးစပ်နေ

04 Nov

စီးရီးအေမှာ ပွဲစဥ်(၁၀) ပြီးတဲ့အထိ နိုင်ပွဲမရသေးတာကြောင့် ဖီအိုရင်တီးနားအသင်းရဲ့နည်းပြ ပီအိုလီဟာ ရာထူးက ထုတ်ပယ်ခံရဖိုနီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ ကွန်းဖရန့်လိဂ်မှာ ရာနှုန်းပြည့်နိုင်ပွဲ ရထားပေမဲ့ စီးရီးအေမှာတော့ ၄ ပွဲသရေ၊ ၆ ပွဲရှုံးနိမ့်ထားပါတယ်။ ပီအိုလီဟာ ၂၀၂၁-၂၂ ရာသီမှာ အေစီမီလန်အသင်းကို စီးရီးအေချန်ပီယံဆု ရယူပေးနိုင်ခဲ့သူဖြစ်ပြီး ဖီအိုရင်တီးနားအသင်းကိုတော့ ဒီနွေမှာ ဒုတိယ အကြိမ် တစ်ကျော့ပြန်လည်ကိုင်တွယ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပီအိုလီကို ဖီအိုရင်တီးနားအသင်းက ၂၀၂၈ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားကာ စာချုပ်ဖျက်သိမ်းရန် ဆွေးနွေးနေပြီး နစ်နာကြေးပေးချေသွားမယ်လို့ သိရပါတယ်။ ဖီအိုရင်တီးနားအသင်းဟာ အစားထိုးဖို့ နည်းပြသစ် ကိုလည်း ရှာဖွေနေပြီဖြစ်ပြီး နည်းပြဟောင်း ပယ်လာဒီနိုနဲ့ တိုရီနိုနည်းပြဟောင်း ဗာနိုလီတို တို့နှစ်ဦးမှ တစ်ဦးဦးကို ခန့်အပ်ဖွယ်ရှိကြောင်း သတင်းထွက်နေပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .