One Friday Fight 132 တွင် ဘရိုနီကာနဲ့တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရုတို့ ယှဉ်ပြိုင်ထိုးသ-တ်မည်

04 Nov

ONE Friday Fights 132 ပြိုင်ပွဲမှာ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဘရိုနီကာနဲ့ တရုတ် အမျိုးသမီးဖိုက်တာ လီမင်ရု တို့ ယှဉ်ပြိုင်ထိုးသ-တ်မှာ ဖြစ်ကြောင်း သိရပါတယ်။ ONE Friday Fights 132 ပြိုင်ပွဲ ကို လာမယ့် နိုဝင်ဘာလ ၇ ရက်တွင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ လုမ္မဏီအားကစားရုံမှာ ကျင်းပပြုလုပ်မှာ ဖြစ်ပါ တယ်။ ပြိုင်ပွဲတွင် တွဲဆိုင်း ၁၂ ဆိုင်း ထည့်သွင်းကျင်းပမှာဖြစ်ပြီး မြန်မာဖိုက်တာ သုံးဦးရဲ့ တွဲဆိုင်းများ ပါဝင်နေကာ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဘရိုနီကာနဲ့ တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရု တို့မှာ ဒုခေါင် တွဲဆိုင်းအဖြစ် ပွဲစဉ် ၁၁ တွင် ယှဉ်ပြိုင်ထိုးသ-တ်မှာ ဖြစ်ပါတယ်။ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဘရိုနီကာနဲ့ ထိုးသတ်မယ့် တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရု ဟာ ONE Championship နဲ့ လက်တွဲပြီးနောက် ပထမဆုံးလာရောက်ထိုးသ-တ်ခြင်းဖြစ်ကြောင်း သိရပါ တယ်။ တရုတ်အမျိုးသမီးဖိုက်တာ လီမင်ရုဟာ ယခင်က တရုတ်၊ ထိုင်းနဲ့ ရုရှားနိုင်ငံများမှာ ကျင်းပတဲ့ ကစ်ဘောင်ဆင် ပြိုင်ပွဲများတွင် အများဆုံးထိုးသ-တ်နေသူဖြစ်ပြီး ကစ်ဘောင်ဆင်နဲ့မွေထိုင်းပွဲ ၃၄ ပွဲ ထိုးသ-တ် ထားရာ ၂၇ ပွဲနိုင်၊ ၇ ပွဲ ရှုံးနိမ့်ထားကြောင်း သိရပါတယ်။ ကယန်းတိုင်းရင်းသူ မြန်မာအမျိုးသမီးဖိုက်တာ ဘရိုနီကာနဲ့ တရုတ် အမျိုးသမီးဖိုက်တာ လီမင်ရု ဟာ ONE Friday Fights 132 ပြိုင်ပွဲမှာ မွေထိုင်း အက်တမ်ဝိတ်(၁၁၅ ပေါင်) တန်း တွင် ယှဉ်ပြိုင်ထိုးသ-တ်မှာ ဖြစ်ပါတယ်။ (NVS 008)

04 Nov

ADVERTISE HERE .