ဘာစီလိုနာက လာမယ့်နွေရာသီမှာ ဟာရီကိန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားနေ
04 Nov
လာမယ့်နွေရာသီမှာ ဘာစီလိုနာအသင်းဟာ ဘိုင်ယန်အသင်းမှ အင်္ဂလန်တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူ ဖို့ ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ ဘာစီလိုနာအသင်း ဟာ ပိုလန်တိုက်စစ်မှူး လီဝန်ဒေါစကီးရဲ့နေရာမှာ ဟာရီကိန်းကို အစားထိုးဖို့ ရည်ရွယ်နေခြင်းဖြစ်ပြီး ဟာရီကိန်းကလည်း လာလီဂါမှာကစားဖို့ ဆန္ဒရှိနေကြောင်း သိရ ပါတယ်။ ဒါ့အပြင် ဟာရီကိန်းနဲ့ ဘိုင်ယန်အသင်းရဲ့ စာချုပ်က ၂၀၂၆ နွေရာသီရောက်ရင် ယူရို ၆၅ သန်းနဲ့ ပြောင်းရွှေ့ နိုင်တဲ့ သဘောတူညီချက်ပါဝင်တာကြောင့် ဘာစီလိုနာအသင်း က ဟာရီကိန်းကို ခေါ်ယူဖို့ ချိန်ရွယ်နေခြင်း ဖြစ်ပါ တယ်။ လာမယ့်ဇူလိုင်မှာ ဟာရီကိန်းဟာ ၃၃ နှစ်ပြည့်မှာဖြစ်ပြီး ထိပ်တန်းအဆင့်ခြေစွမ်းပြသနေဆဲ ဖြစ်တာ ကြောင့် ပရီးမီးယားလိဂ်ထိပ်သီးအသင်းတချို့ကလည်း အင်္ဂလန်မြေကို ပြန်လည်ခေါ်ယူဖို့ လိုလားနေကြပါတယ်။ ဘိုင်ယန်မြူးနစ်နဲ့လမ်းခွဲခဲ့ရင် ဟာရီကိန်း ရွေးချယ်ဖွယ်ရှိတဲ့အသင်းတွေထဲမှာ အသင်းဟောင်းစပါးလည်း ထိပ်ဆုံး က ပါဝင်နေတယ်လို့ ဗြိတိန်မီဒီယာတချို့က သုံးသပ်ထားပါတယ်။ (NVS 008)