အာနယ်ဆလော့က အမှတ်ပေးဇယားထိပ်ဆုံးမှာ အာဆင်နယ်ဖြစ်နေတာကြောင့် မိမိတို့အတွက် ကောင်းဖို့ ဖြစ်နိုင်တယ်လို့ ပြောကြား
04 Nov
လီဗာပူးလ်နည်းပြ အာနယ်ဆလော့ က ပရီးမီးယားလိဂ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ မန်စီးတီး အသင်းရှိမနေဘဲ အာဆင်နယ်အသင်း ရှိနေတာကြောင့် မိမိတို့အတွက် ကောင်းဖို့ဖြစ်နိုင်တယ်လို့ ပြောကြားခဲ့ပါ တယ်။ အက်စတွန်ဗီလာနဲ့ပွဲမှာနိုင်ပွဲပြန်ရခဲ့တဲ့အတွက်ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းနဲ့ပတ်သက်ပြီး မေးမြန်းခဲ့ ရာမှာ အာနယ်ဆလော့က အခုလို ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဥ် ၁၀ အပြီးမှာ အာဆင်နယ်က ၂၅ မှတ်နဲ့ ထိပ်ဆုံးနေရာကို ရယူထားပြီး မန်စီးတီးက ၁၉ မှတ်နဲ့ဒုတိယနေရာ၊ လီဗာပူးလ်က ၁၈ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ အာဆင်နယ်အသင်းက လောလောဆယ်အမှတ်ဖြတ်ပြီး ဦးဆောင်နေပေမဲ့ အရင်ရာသီတွေမှာ ပြိုင်ဘက်တွေရဲ့ ပြန်လည် ကျော်ဖြတ်ခံခဲ့ရ တဲ့ သာဓကတွေရှိနေတာကြောင့် အာနယ်ဆလော့က အခုလို ပြောကြားခဲ့ခြင်း ဖြစ်နိုင်ပါတယ်။ ဘောလုံး သုံးသပ် သူအဖြစ် ဆောင်ရွက်နေတဲ့ မန်ယူကစားသမားဟောင်း ဂယ်ရီနဗီးလ်ကတော့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ဖို့ အလားအလာကောင်းများရှိနေပြီး ရပ်တန့်ပစ်နိုင်ရန် လီဗာပူးလ်တစ်သင်းသာ ရှိ တယ်လို့ သုံးသပ်ထားပါတယ်။ (NVS 008)