ပေါ်တိုတိုက်စစ်မှူး အက်ဂယ်ဟိုဝါ ကို စပါးနဲ့ ချဲလ်ဆီး အပြိုင်ကြိုးပမ်းဖွယ်ရှိ
04 Nov
ပေါ်တိုအသင်းရဲ့ စပိန်တိုက်စစ်မှူး ဆာမူအက်ဂယ်ဟိုဝါကို လန်ဒန်ထိပ်သီးနှစ်သင်းဖြစ်တဲ့ စပါးနဲ့ ချဲလ်ဆီး အသင်းတို့ ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းဖွယ်ရှိကြောင်း သိရပါတယ်။ လာမယ့် ဇန်နဝါရီစျေးကွက်မှာ ပေါ်တိုအသင်း တွင် ခြေစွမ်းပြနေတဲ့ အက်ဂယ်ဟိုဝါ ကို ချဲလ်ဆီးနဲ့ စပါးတို့က စောင့်ကြည့်နေကြပြီး ကမ်းလှမ်းမှုပြုလုပ်သွားရန် ရည်ရွယ်နေကြောင်း သိရပါတယ်။ ပေါ်တိုအသင်း က အသက် ၂၁ နှစ်အရွယ် အက်ဂယ်ဟိုဝါကို ၂၀၂၄ နွေရာသီမှာ ယူရို ၁၅ သန်းနဲ့သာ ခေါ်ယူ ခဲ့ပေမဲ့ ယူရိုသန်း ၁၀၀ တန်လျော်ကြေးစာချုပ် ချုပ်ဆိုထားပါတယ်။ ဒါပေမဲ့ အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေအရ ယူရိုသန်း ၈၀ ဝန်းကျင်နဲ့ ရောင်းထုတ်ဖွယ်ရှိနေပြီး စပါးအသင်းရဲ့နည်းပြ သောမတ်စ်ဖရန့်ခ်ကလည်း အသင်းရဲ့ တိုက်စစ်ပိုင်းကို အပြောင်းအလဲပြုလုပ်ရန် လိုလားနေတာကြောင့် အက်ဂယ်ဟိုဝါကို ခေါ်ယူဖို့ ပိုမိုကြိုးပမ်းလာဖွယ် ရှိနေကြောင်း သုံးသပ်မှုတွေ ရှိနေပါတယ်။ (NVS 008)