တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော် ၆ ရက်မြောက်နေ့တွင် မိုးဖွဲရွာပြီး မြူကျနေသဖြင့် ညလွှတ် ပြိုင်ပွဲဝင်မီးပုံးများ ¬လွှတ်တင်နိုင်ခြင်းမရှိခဲ့
04 Nov
တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံပွဲတော် ၆ ရက်မြောက်နေ့ဖြစ်တဲ့ နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် မိုးဖွဲရွာပြီး မြူကျနေသဖြင့် ညလွှတ်ပြိုင်ပွဲဝင်မီးပုံးများ လွှတ်တင်နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ တောင်ကြီးမြို့ တွင် နိုဝင်ဘာလ ၃ ရက် တစ်ရက်လုံး မိုးဖွဲဖွဲကျနေပြီး ညနေပိုင်းတွင်လည်း မိုးဖွဲကျပြီးနောက် အဝေရာ မီးပုံးပျံ ကွင်းအတွင်း မြူနှင်းများ ပိတ်ဖုံးနေခဲ့ပါတယ်။ နိုဝင်ဘာလ ၃ ရက် ညပိုင်းတွင် တောင်ပိုင်း မီးညမီးကြီး တစ်လုံး လွှတ်တင်ပြီးနောက် ည ၁၀ နာရီကျော်အချိန် မိုးဖွဲရွာနေတာကြောင့် ပြိုင်ပွဲဝင်မီးပုံးများ လွှတ်တင်နိုင်ခြင်း မရှိ ကြောင်း သိရပါတယ်။ နိုဝင်ဘာ ၁ ရက်မှစ၍ ရာသီဥတုဆိုးရွားသဖြင့် တောင်ကြီးတန်ဆောင်တိုင်မီးပုံးပျံပွဲတော်တွင် ညလွှတ် ပြိုင်ပွဲဝင် မီးပုံးပျံများ လွှတ်တင်နိုင်ခြင်းမရှိကြောင်း သိရပါတယ်။ ယခုနှစ် တောင်ကြီး တန်ဆောင်တိုင်မီးပုံးပျံ ပွဲတော်တွင် သုံးရက်တိုင်တိုင်လွှတ်တင်နိုင်ခြင်းမရှိသဖြင့် ပွဲရက်တိုးမည့်ကိစ္စကို တင်ပြထားခြင်း ရှိကြောင်းလည်း သိရပါတယ်။ ပြိုင်ပွဲရက်သည် နိုဝင်ဘာလ ၄ ရက် (တန်ဆောင်မုန်းလပြည့်နေ့) တစ်ရက်သာကျန်ရှိတော့သဖြင့် ပြိုင်ပွဲဝင်လွှတ်တင်မည့် မီးပုံးပျံများကို မည်သို့ဆက်လက်စီစဉ်မည်ကို ရှမ်းပြည်နယ်တောင်ပိုင်း မီးပုံးပျံပညာရှင် အသင်းက ထုတ်ပြန်ခြင်း မရှိသေးကြောင်းလည်း သိရပါတယ်။ (NVS 004)