အရာတော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးမှုအဖြစ် နှမ်း ဧက တစ်သောင်းကျော် စိုက်ပျိုးပြီးစီး

03 Nov

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် အရာတော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၁,၃၈၃ ဧကထိ စိုက်ပျိုးပြီးစီးခဲ့ကြောင်း မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။ အရာတော်မြို့နယ်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်းဧက ၂၄,၇၅၀ စိုက်ပျိုးရန်လျာထားပြီး ယခုနှစ် အောက်တိုဘာလ ဒုတိယပတ်မှ စတင်စိုက်ပျိုးခဲ့ရာ ၁၁,၃၈၃ ဧကထိ စိုက်ပျိုးပြီးစီးခဲ့တာဖြစ်ပါတယ်။ လျာထား ဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ ဆောင်ရွက်လျက်ရှိပြီး နှမ်းစိုက်ပျိုးမှုအနေနဲ့ တစ်နှစ်ထက်တစ်နှစ် ပိုမိုတိုးတက်လာခဲ့ ကြောင်းနှင့် မိုးရာသီထက် ဆောင်းရာသီမှာသာ အဓိကထားစိုက်ပျိုးလေ့ရှိကာ ဆီထွက်သီးနှံအနေနဲ့ အောင်မြင်တဲ့ အနေအထားတွင်ရှိကြောင်း သိရပါတယ်။ အရာတော်မြို့နယ်တွင် နှမ်းစိုက်တောင်သူများကို ပိုမိုတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ GAP နည်းစနစ်များဖြင့် စိုက်ပျိုး နိုင်ရေး၊ မျိုးကောင်းမျိုးသန့်များ စိုက်ပျိုးနိုင်ရေးနှင့် အထွက်နှုန်းကောင်းမွန်သည့်မျိုးများ စိုက်ပျိုးနိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဆောင်ရွက်ပေးလျက်ရှိပါတယ်။(NVS 004)

03 Nov

ADVERTISE HERE .