နိုဝင်ဘာလအတွင်း နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်းရေ ၆၀ ဝင်ရောက်မည်
03 Nov
၂၀၂၅ ခုနှစ် နိုဝင်ဘာလအတွင်း ပြည်တွင်းဆိပ်ကမ်းများသို နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်းရေ ၆၀ ဝင်ရောက်ဆိုက်ကပ်မည်ဖြစ်ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ထံမှ သိရပါတယ်။ ကုန်သွယ်မှုလုပ်ငန်းများကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေးလမ်းကြောင်းမှ ပိုမိုဆောင်ရွက်နေပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများသို့ အပြည်ပြည်ဆိုင်ရာကုန်သေတ္တာတင်သင်္ဘောများ လစဉ်ပုံမှန် ဝင်ရောက် ဆိုက်ကပ်လျက်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလမှ အောက်တိုဘာလအထိ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်းရေ ၆၁၂ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပြီး ၂၀၂၄ ခုနှစ် တစ်နှစ်တာအတွင်း ပြည်တွင်းသို့ နိုင်ငံတကာကုန်သေတ္တာတင်ယာဉ် အစင်းရေ ၆၃၃ စင်း ဝင်ရောက်ဆိုက်ကပ်ခဲ့ပါတယ်။ ရန်ကုန်ဆိပ်ကမ်းဧရိယာတွင် အပြည်ပြည်ဆိုင်ရာရေယာဉ်ကြီးများ ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းတံတား ၂၇ စင်း၊ ရန်ကုန်သီလဝါအပြင် ဆိပ်ကမ်းဧရိယာတွင် ဆိပ်ကမ်းတံတား ၁၉ စင်း စုစုပေါင်း ၄၆ စင်းဖြင့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်။ ပြည်ပသို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေး၊ ပြည်တွင်းလိုအပ်ချက်အရ သွင်းကုန် များ တိုးမြှင့်တင်သွင်းနိုင်ရေးတို့အတွက် ကုန်သေတ္တာသင်္ဘောလိုင်းအသီးသီးမှ ခရီးစဉ်များအား ပြန်လည်တိုးချဲ့ ပြေးဆွဲရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။(NVS 004)