နျူကလီးယားသန့်စင်စက်ရုံများကို ပိုမိုခိုင်မာမှုရှိစွာ ပြန်တည်ဆောက်မည်

03 Nov

အီရန်နိုင်ငံအနေဖြင့် တိုက်ခိုက်ဖျက်ဆီးခံလိုက်ရသည့် နျူကလီးယားသန့်စင်စက်ရုံများကို ပိုမိုခိုင်မာမှုရှိစွာ ပြန်လည်တည်ဆောက်သွားမည်ဖြစ်ကြောင်း အီရန်နိုင်ငံသမ္မတက နိုဝင်ဘာလ ၂ ရက်တွင်ပြောသည်။ အဆောက်အအုံများ တိုက်ခိုက်ဖျက်ဆီးခံရရုံဖြင့် အီရန်နိုင်ငံက လက်တွန့်နောက်ဆုတ်သွားမည် မဟုတ်ကြောင်း၊ အီရန်နိုင်ငံ၏ နျူကလီးယားသိပ္ပံပညာရှင်များကလည်း နျူကလီးယားသန့်စင်ရေးနှင့်ပတ်သက်၍ ကောင်းစွာသိရှိထားသူများဖြစ်ကြောင်း သမ္မတ က ပြောထားသည်။ ဇွန်လတွင် အီရန်နှင့် အစ္စရေးတို့ကြား ဗုံးကြဲတိုက်ခိုက်မှုများ ဖြစ်ပွားနေစဉ် အမေရိကန်နိုင်ငံက တာဝေး ဗုံးကြဲလေယာဉ်များသုံး၍ ဘန်ကာဖျက်ဗုံးများဖြင့် အီရန်၏ နျူကလီးယားသန့်စင်စက်ရုံများကို တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

03 Nov

ADVERTISE HERE .