စပါးအသင်းက ဘိုဝင် ကို ခေါ်ယူရန်စီစဉ်

02 Nov

စပါးအသင်းက ဝက်စ်ဟမ်းအသင်း တောင်ပံကစားသမား ဘိုဝင် ကို ခေါ်ယူရန် စီစဉ်လျက်ရှိကြောင်း သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် တောင်ပံကစားသမား ဘိုဝင် ဟာ ဝက်စ်ဟမ်းအသင်းနှင့်အတူ ၂၀၁၉-၂၀၂၀ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၄၈ ပွဲကစားပြီး ၇၇ ဂိုး သွင်းယူကာ ခြေစွမ်းပြနိုင်ခဲ့ခြင်းကြောင့် စပါးအသင်းက ခေါ်ယူရန်စီစဉ်လာခြင်း ဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းကလည်း ဘိုဝင် အတွက် မြင့်မားသည့် ပြောင်းရွှေ့ကြေးတစ်ရပ်ရရှိပါက ရောင်းချရန် ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .