အာဆင်နယ်အသင်းက ဂျီးဆပ် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၂၆ သန်းသတ်မှတ်

02 Nov

အာဆင်နယ်အသင်းက လာမည့်ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ပြင်ဆင်နေသည့် တိုက်စစ်ကစားသမား ဂျီးဆပ် အတွက် ပြောင်းရွှေ့ကြေးကို စတာလင်ပေါင် ၂၆ သန်း သတ်မှတ် ခဲ့ပါတယ်။ ဂျီးဆပ် ဟာ အာဆင်နယ်အသင်းတွင် အစောပိုင်းနှစ်များက အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့သူ ဖြစ်ပြီး နောက်ပိုင်းနှစ်များတွင် ဒဏ်ရာပြဿနာများနဲ့သာ ရုန်းကန်နေခဲ့ရပြီး နည်းပြ အာတီတာ လက်အောက်တွင် ပွဲကစားခွင့်နည်းပါးခဲ့ကာ လက်ရှိဘောလုံးရာသီတွင် ပွဲကစားခွင့်မရှိဘဲ ဖြစ်နေတဲ့အတွက် လာမည့်ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ဆုံးဖြတ်ထားသူဖြစ်ပါတယ်။ အာဆင်နယ်အသင်းကလည်း ဂျီးဆပ် ကို အသင်းမှထွက်ခွာခွင့်ပြုထားပြီး ပြောင်းရွှေ့ကြေးကိုလည်း စတာလင်ပေါင် ၂၆ သန်း သတ်မှတ်ထားကာ ၎င်းကို ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။ (NVS 008)

02 Nov

ADVERTISE HERE .