ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ရန် ဆန္ဒရှိနေတဲ့ ဟာရီကိန်း
02 Nov
ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး ဟာရီကိန်း က ၂၀၂၇ ခုနှစ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် ပရီးမီးယားလိဂ်သို့ ပြန်လည်ပြောင်းရွှေ့ ကစားရန်ဆန္ဒရှိနေပြီး ၎င်းကိုခေါ်ယူရန် မန်ယူအသင်းက စိတ်ဝင်စားနေကြောင်းသိရပါတယ်။ ဟာရီကိန်း ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ခြေစွမ်းပြနေပြီး အသင်းနဲ့အတူ ဘောလုံးရာသီနှစ်ခုအတွင်း ပြိုင်ပွဲစုံ ၉၆ ပွဲကစားပြီး ၈၅ ဂိုးအထိ သွင်းယူနိုင်ခဲ့ကာ ပြီးခဲ့တဲ့ ၂၀၂၄-၂၀၂၅ ရာသီမှာ ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။ သို့သော် ဟာရီကိန်း အနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းတွင် သွင်းဂိုး ၂၁၃ ဂိုးဖြင့် ဒုတိယနေရာတွင် ရပ်တည်နေပြီး ဂိုးသွင်းအများဆုံးစံချိန်ဖြစ်တဲ့ နယူးကာဆယ်ဂန္ထဝင် အလန်ရှီးယား ရဲ့ သွင်းဂိုး ၂၆၀ စံချိန်ကို ချိုးဖျက်နိုင်ရန် ပရီးမီးယားလိဂ်တွင် ပြန်လည်ကစားလိုနေခြင်းဖြစ်ပါတယ်။(NVS 008)