မန်ယူအသင်းမှ ထွက်ခွာရန်ကြိုးပမ်းနေသည့် ဇက်ဇီး ကို ပရီးမီးယားလိဂ်ကလပ်အသင်းများက ခေါ်ယူရန်ကြိုးပမ်း

02 Nov

လာမည့် ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် မန်ယူအသင်းမှ ထွက်ခွာရန်ဆုံးဖြတ်ထားသည့် တိုက်စစ်မှူး ဇက်ဇီး ကို ပရီးမီးယားလိဂ် ကလပ်အသင်းအများစုက ခေါ်ယူရန်ကြိုးပမ်းနေကြောင်း သိရပါတယ်။ ဇက်ဇီး အနေနဲ့ မန်ယူအသင်းတွင် ပွဲထွက်ခွင့်မရရှိတဲ့အတွက် လာမည့်အပြောင်းအရွှေ့ကာလတွင် အသင်းမှထွက်ခွာရန် ကြိုးပမ်းနေသူဖြစ်ပါတယ်။ အစောပိုင်းက စီးရီးအေကလပ်အသင်းများသို့ ပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေသော်လည်း ယခုအခါ ပရီးမီးယားလိဂ်ကလပ်အသင်းများနဲ့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ လာမည့် ဇန်နဝါရီ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဇက်ဇီး ကို ပရီးမီးယားလိဂ်ကလပ်အသင်းများ ဖြစ်သည့် အေဗီလာ၊ ဘရိုက်တန် နဲ့ ဝက်စ်ဟမ်းအသင်းတို့က အပြိုင်ကမ်းလှမ်းရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။(NVS 008)

02 Nov

ADVERTISE HERE .