ရီးရဲလ်မက်ဒရစ်အသင်းမှာ ဆက်ရှိသွားမည့် ဘာပေ
02 Nov
ရီးရဲလ်မက်ဒရစ်အသင်း တိုက်စစ်မှူး အမ်ဘာပေ က အသင်းမှထွက်ခွာမည့် သတင်းများက မှန်ကန်မှု မရှိကြောင်းနဲ့ ရီးရဲလ်အသင်းမှာသာ ဆက်ရှိသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ အသက် ၂၆ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေ ကို လက်ရှိအချိန်တွင် ဆော်ဒီကလပ်အသင်းများက ခေါ်ယူရန် စိတ်ဝင်စားနေခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေ ဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ၂၀၂၄-၂၀၂၅ မှ လက်ရှိဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၇၂ ပွဲကစားပြီး ဂိုးပေါင်း ၆၀ အထိ သွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အမ်ဘာပေ အနေနဲ့ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအတွက် ဥရောပရွှေဖိနပ်ဆုကို ရရှိခဲ့တာကြောင့် ရီးရဲလ်အသင်း ကစားသမားများအနက် အဆိုပါဆုကို ရရှိခဲ့တဲ့ စတုတ္ထမြောက် ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။ (NVS 008)
02 Nov