နျူကလီးယားစမ်းသပ်မှု ပြန်လည်စတင်မည့်အစီအစဉ်ကို အမေရိကန်သမ္မတ ထပ်လောင်းအတည်ပြု

02 Nov

နျူကလီးယားလက်နက်များ စမ်းသပ်မှုပြန်လည်စတင်ရန် စီစဉ်ထားမှုကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၃၁ ရက်တွင် ထပ်လောင်းအတည်ပြုခဲ့သည်။ သို့ရာတွင် နျူကလီးယားလက်နက်များ စမ်းသပ်မှု ပြန်လည်စတင်ရာတွင် မြေအောက်နျူကလီးယား ဖောက်ခွဲစမ်းသပ်မှုများ ပါဝင်ခြင်းရှိ၊မရှိကို သမ္မတ ဒေါ်နယ်ထရမ့် က တိုက်ရိုက်ဖြေကြားခြင်း မရှိခဲ့ကြောင်း သိရသည်။ မိမိတို့အနေဖြင့် နျူကလီးယား စမ်းသပ်မှုများ ပြန်လည်စတင်မည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာ ၃၁ ရက်တွင် သတင်းထောက်များနှင့်တွေ့ဆုံစဉ် အတည်ပြုပြောကြားခဲ့ကြောင်း သိရသည်။ ယင်းအပြင် အမေရိကန်နိုင်ငံက ပြုလုပ်မည့် နျူကလီးယားစမ်းသပ်မှုများ၌ စစ်အေးတိုက်ပွဲ ခေတ်အတွင်း လုပ်လေ့ရှိသည့် မြေအောက်နျူကလီးယား ဖောက်ခွဲမှုများ ပါဝင်ခြင်း ရှိ၊ မရှိမေးခွန်းကို သမ္မတ ဒေါ်နယ်ထရမ့် က တိုက်ရိုက်ဖြေကြားခြင်းမရှိဘဲ မကြာမီ တွေ့ရလိမ့်မည်ဟူ၍သာ ဖြေကြားခဲ့သည်။ ပြီးခဲ့သည့် ၂၅ နှစ်တာ ကာလအတွင်း မြောက်ကိုရီးယားနိုင်ငံမှလွဲ၍ ကျန်ကမ္ဘာ့နျူကလီးယား အင်အားကြီး နိုင်ငံများအနေဖြင့် နျူကလီးယား စမ်းသပ်မှုပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။ မြောက်ကိုရီးယားနိုင်ငံသည် ၂၀၁၇ ခုနှစ်တွင် မြေအောက်နျူကလီးယား စမ်းသပ်ဖောက်ခွဲမှု ပြုလုပ်ခဲ့ဖူးကြောင်းသိရသည်။

02 Nov

ADVERTISE HERE .