ရီးရဲလ်မက်ဒရစ်အသင်းက အလာဘာ ကို စာချုပ်ဖျက်သိမ်းရန်စီစဉ်နေ
01 Nov
ရီးရဲလ်မက်ဒရစ်အသင်းက ဒဏ်ရာပြဿနာနှင့် မကြာခဏရင်ဆိုင်နေရတဲ့ နောက်ခံလူ အလာဘာ ကို စာချုပ်ဖျက်သိမ်းရန် စီစဉ်နေကြောင်းသိရပါတယ်။ အသက် ၃၃ နှစ်အရွယ် အလာဘာ ဟာ ၂၀၂၁ ခုနှစ်နွေရာသီတွင် ဘိုင်ယန်မြူးနစ်အသင်းမှ ရီးရဲလ်အသင်းသို့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာတွင် တံကောက်ကြောဒဏ်ရာကြောင့် အနားယူခဲ့ရပြီး၂၀၂၅ ခုနှစ် ဇန်နဝါရီမှ ပြန်ကစားနိုင်ခဲ့ကာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကာလတွင်လည်း ဒဏ်ရာထပ်ရခဲ့ပြီး အနားယူနေခဲ့တာ ဖြစ်ပါတယ်။ အလာဘာ အနေနဲ့ ရီးရဲလ်အသင်းနဲ့ ၂၀၂၆ ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားပြီး အသင်းတွင် ဘာပေ နဲ့ ဗင်နီစီးယပ်စ် တို့နောက် တတိယလစာအများဆုံး ကစားသမားအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။ ရီးရဲလ်အသင်းက အစောပိုင်းတွင် အလာဘာ ကို ရောင်းထုတ်ရန်နဲ့ အငှားချရန်စီစဉ်ခဲ့သော်လည်း ကြံ့ခိုင်မှု အခြေအနေကြောင့် စာချုပ်ဖျက်သိမ်းရန်သာ စီစဉ်ခဲ့ခြင်းဖြစ်ပြီး ကစားသမားအနေနဲ့ စာချုပ်ကုန်သည်အထိ ရီးရဲလ်အသင်းတွင်သာ ဆက်ကစားရန် ဆန္ဒရှိနေကြောင်း သိရပါတယ်။ (NVS 008)