ဝက်စ်ဟမ်းအသင်းမှထွက်ခွာရန် ကြေညာထားသည့် ကွင်းလယ်ကစားသမား ပါကွီတာ ကိုခေါ်ယူရန် မန်ယူအသင်းပြင်ဆင်
01 Nov
မန်ယူအသင်းက လာမည့်ဇန်နဝါရီလ ကစားသမားအပြောင်းအရွှေ့ကာလတွင် ဝက်စ်ဟမ်းအသင်းမှ ထွက်ခွာရန် ကြေညာထားတဲ့ ကွင်းလယ်ကစားသမား ပါကွီတာ ကိုခေါ်ယူရန် စတင်ကြိုးပမ်းနေကြောင်း သိရပါတယ်။ မန်ယူအသင်းက ကွင်းလယ်ပိုင်းလိုအပ်ချက်အတွက် လာမည့်ဇန်နဝါရီလ အပြောင်းအရွှေ့တွင် အင်အားဖြည့်တင်းရန် လက်ရှိအချိန်ကတည်းက ပြင်ဆင်နေခြင်းဖြစ်ပြီး ပါကွီတာ ကိုယ်တိုင်ကလည်း ဝက်စ်ဟမ်းအသင်းမှ ထွက်ခွာဖို့ ရှိနေလို့ အလွယ်တကူခေါ်ယူနိုင်မည့် အခြေအနေကြောင့် စတင်ကြိုးပမ်းနေခြင်းလည်းဖြစ်ပါတယ်။ ပါကွီတာ အနေနဲ့ အစောပိုင်းကတည်းက အသင်းမှထွက်ခွာရန်ပြင်ဆင်နေပြီး မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားရန် နီးစပ်ခဲ့သော်လည်း လောင်းကစားမှုနှင့် ရင်ဆိုင်ခဲ့ရတဲ့အတွက် အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရခြင်းဖြစ်ပါတယ်။
01 Nov