ယခုနှစ်ဘောလုံးရာသီအတွက် ကလပ်အဆင့်သတ်မှတ်ချက်တွင် အာဆင်နယ်အသင်း ထိပ်ဆုံး၌ရပ်တည်

01 Nov

OPTA ၏ စစ်တမ်းကောက် ဖော်ပြမှုများအရ ကလပ်အဆင့်သတ်မှတ်ချက် ထိပ်ဆုံးငါးသင်းစာရင်းတွင် ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ ပါဝင်လာခြင်းမရှိခဲ့ဘဲ အာဆင်နယ်အသင်းက ထိပ်ဆုံးမှ ဦးဆောင်နိုင် ခဲ့ကြောင်း သိရပါတယ်။ OPTA က ကလပ်အသင်းများရဲ့ ယခုနှစ်ဘောလုံးရာသီ စွမ်းဆောင်မှုများ၊ ဆုဖလားရရှိနိုင်မှု များကိုအခြေခံ တွက်ချက်ဖော်ပြခဲ့ခြင်းဖြစ်ပါတယ်။ နည်းပြ အာတီတာ ရဲ့ အာဆင်နယ်အသင်းက ယခုနှစ်ဘောလုံးရာသီတွင် ပုံစံကောင်းပြသနေပြီး ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကာရာဘောင်ဖလား အစရှိတဲ့ ဆုဖလားစုံလမ်းကြောင်းပေါ်တွင် ရှိနေခြင်း ဖြစ်ပါတယ်။ အာဆင်နယ်အသင်းအနေနဲ့ အောက်တိုဘာလအတွင်း ပြိုင်ပွဲစုံခြောက်ပွဲဆက် အနိုင်ရရှိခဲ့ကာ ပေးဂိုးမရှိဘဲ စံချိန်တင်နိုင်ခဲ့ပါတယ်။ OPTA ရဲ့ နောက်ဆုံးဖော်ပြခဲ့တဲ့ ကလပ်အဆင့် သတ်မှတ်ချက်များအရ အဆင့်(၁)တွင် အာဆင်နယ်အသင်း၊ အဆင့်(၂)တွင် ပီအက်စ်ဂျီအသင်း၊ အဆင့်(၃)တွင် မန်စီးတီးအသင်း၊ အဆင့်(၄)တွင် ဘိုင်ယန် မြူးနစ်အသင်းနဲ့ အဆင့်(၅)တွင် လီဗာပူးလ်အသင်း တို့က ရပ်တည်နေပါတယ်။(NVS 008)

01 Nov

ADVERTISE HERE .