လီဗာပူးလ်အသင်းက ရလဒ်ဆိုးများကြောင့် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေ

01 Nov

လီဗာပူးလ်အသင်းက ရလဒ်များ ဆက်တိုက်ဆိုးရွားနေတဲ့အတွက် နည်းပြအပြောင်းအလဲလုပ်ဆောင်ရန် ပြင်ဆင်နေပြီး နည်းပြသစ်အဖြစ် ကလပ်အသင်းလက်မဲ့ဖြစ်နေတဲ့ ဘာစီလိုနာအသင်း ကစားသမားဟောင်းနှင့် နည်းပြဟောင်းဖြစ်သူ ဇာဗီ ကိုခန့်အပ်ရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ လက်ရှိ လီဗာပူးလ်အသင်းနည်းပြ စလော့ အနေနဲ့ ပြီးခဲ့တဲ့ဘောလုံးရာသီက အသင်းကို စတင်တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး ပထမဆုံးရာသီတွင်ပင် ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ကာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ဆွတ်ခူးပေးနိုင်ခဲ့သူဖြစ်ပါတယ်။ သို့သော် ယခုနှစ်ဘောလုံးရာသီတွင် လီဗာပူးလ်အသင်းအနေနဲ့ ရလဒ်များဆိုးရွားနေပြီး နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံခြောက်ပွဲတွင် ဖရန့်ဖက်အသင်းကိုသာ အနိုင်ရရှိခဲ့ပြီး ငါးပွဲထိရှုံးနိမ့်ခဲ့ရာ ပရီးမီးယားလိဂ်လေးပွဲဆက် ရှုံးနိမ့် ခဲ့တဲ့အပြင် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ပဲလေ့စ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့ကာ ကာရာဘောင်ဖလားပြိုင်ပွဲမှ ထွက်ခွာခဲ့ရ ချိန်မှာ နည်းပြ စလော့ ရဲ့ အနာဂတ်က ပိုမိုမရေမရာဖြစ်လာခဲ့ပါတယ်။ လီဗာပူးအသင်းအနေနဲ့ ပြီးခဲ့တဲ့အပြောင်းအရွှေ့ကာလက စံချိန်တင်ပြောင်းရွှေ့ကြေးများ အသုံးပြုကာ ကစားသမားဖြည့်တင်းမှုများ လုပ်ဆောင်ခဲ့သော်လည်း စံချိန်တင်ရလဒ်ဆိုးများ ကြုံတွေ့နေရသောကြောင့် အသင်းဘုတ်အဖွဲ့က နည်းပြ စလော့ ရဲ့အနာဂတ်အတွက် လာမည့်သုံးပွဲကိုစောင့်ကြည့်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားမှာဖြစ်ပါတယ်။ (NVS 008)

01 Nov

ADVERTISE HERE .