လီဝမ်ဒေါစကီး ရဲ့နေရာမှာ အိုစီမန် နဲ့အစားထိုးရန် ဘာစီလိုနာအသင်းပစ်မှတ်ထား
01 Nov
ဘာစီလိုနာအသင်းက အသင်းတိုက်စစ်ပိုင်းတွင် ဒဏ်ရာမကြာခဏရရှိနေသည့် တိုက်စစ်မှူး လီဝမ်ဒေါစကီး နေရာမှာ ဂါလာတာစာရေးအသင်း တိုက်စစ်မှူး အိုစီမန် နဲ့အစားထိုးရန် ပစ်မှတ်ထားနေကြောင်း သိရပါတယ်။ အိုစီမန် အနေနဲ့ ယခုနှစ်ဘောလုံးရာသီမှာ နာပိုလီအသင်းမှ ဂါလာတာစာရေးအသင်းသို့ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သော်လည်း ကစားသမားအနေဖြင့် ဥရောပထိပ်သီးကလပ်တစ်ခုသို့ ပြန်လည် ပြောင်းရွှေ့ရန် ဆန္ဒရှိနေပြီး ဘာစီလိုနာအသင်းက ခေါ်ယူရန် စိတ်ဝင်စားခဲ့ခြင်းဖြစ်ပါတယ်။ အိုစီမန် ဟာ ၂၀၂၄- ၂၀၂၅ ဘောလုံးရာသီကလည်း ဂါလာတာစာရေးအသင်း၌ အငှားစာချုပ်ဖြင့် ကစားခဲ့စဉ်က ပြိုင်ပွဲစုံ ၄၁ ပွဲတွင် သွင်းဂိုး ၃၇ ဂိုးထိ သွင်းယူနိုင်ခဲ့လို့ ဘာစီလိုနာအသင်းက ခေါ်ယူရန်ကြိုးပမ်းခဲ့ရာ ဘဏ္ဍာရေးအခက်အခဲကြောင့် ခေါ်ယူနိုင်ခြင်း မရှိခဲ့တာဖြစ်ပါတယ်။ သို့သော် ဘာစီလိုနာအသင်းက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီမှာ တိုက်စစ်ပိုင်းတွင် ထိပ်သီးအဆင့် ကစားသမား တစ်ဦးနဲ့ အစားထိုးရန် စီစဉ်ထားခဲ့လို့ အိုစီမန် က အဓိကပစ်မှတ်ဖြစ်လာခဲ့ပါတယ်။ လက်ရှိတွင် အိုစီမန် က ဂါလာတာစာရေးအသင်းနဲ့ လေးနှစ်စာချုပ် ချုပ်ဆိုထားပြီး တစ်နှစ်လုပ်ခ ယူရို ၁၅ သန်းအပြင် အပိုဆုကြေးအတွက် ယူရိုတစ်သန်းနဲ့ ပုံရိပ်အသုံးပြုခအတွက် ယူရိုငါးသန်းထိ ရရှိနေကာ တူကီယဲစူပါလိဂ်တွင် လုပ်ခလစာအကောင်းဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိနေပါတယ်။(NVS 008)