ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်၍ ရေကြောင်းနှင့်လေကြောင်း သတိပေးချက်ထုတ်ပြန်

01 Nov

မြန်မာ့ပင်လယ်ပြင်အတွင်း ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်း ပြုလုပ်မည်ဖြစ်၍ ‌ရေကြောင်းနှင့် လေကြောင်းဆိုင်ရာ သတိပေးချက်ကို နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ထားရှိပါတယ်။ ‌ရေတပ်ဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နှင့် ၈ ရက်တို့တွင် ရေပြင်၊ ဝေဟင် လက်နက်လေ့ကျင့်ပစ်ခတ်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ရာ လေ့ကျင့်ခန်းဧရိယာအဖြစ် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၈ မိနစ်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၃၇ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၈ မိနစ်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၄ ဒီဂရီ ၅၈ မိနစ်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၂ မိနစ်၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒီဂရီ ၅၈ မိနစ် စသည့် Coordinates အမှတ်များ ဆက်ဆွဲထားသည့် ဧရိယာအား သတ်မှတ်ထားရှိပါတယ်။ သို့ဖြစ်၍ ဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် လေ့ကျင့်ခန်းဆောင်ရွက်နေစဉ်ကာလအတွင်း သတ်မှတ် ဧရိယာမှ ငါးမိုင်ပတ်လည်အား သင်္ဘောကြီး၊ သင်္ဘောငယ်များ၊ ကုန်တင်၊ စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များ ဖြတ်သန်းသွားလာခြင်း၊ ကျောက်ချရပ်နားခြင်း၊ ငါးဖမ်းခြင်း၊ ငါးဖမ်းကိရိယာများချထားခြင်း မရှိစေရန်နှင့် လေယာဉ်၊ ရဟတ်ယာဉ်များ အမြင့်ပေ ၁၅၀၀၀(တစ်သောင်းငါးထောင်)အောက် ဖြတ်ကျော်ပျံသန်းခြင်း မရှိမပြုကြရန် အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)

01 Nov

ADVERTISE HERE .