စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်း တစ်ပိဿာလျှင် ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်းထုတ်ပြန်
01 Nov
နိုင်ငံများဈေးကွက်နှင့် ဈေးနှုန်းဖြစ်ပေါ်မှုများအရ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်အထိ ရန်ကုန်အထိုင်ဈေးဖြင့် အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှ စားအုန်းဆီတစ်ပိဿာလျှင် ငွေကျပ် ၆,၄၀၀ ဖြစ်ကြောင်း စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက အသိပေးထုတ်ပြန် ထားပါတယ်။ စားအုန်းဆီ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းများကို အပတ်စဉ်သောကြာနေ့တိုင်း ထုတ်ပြန်ကြေညာ လျက်ရှိပြီး ယခင်ရက်သတ္တပတ်အတွက် ထုတ်ပြန်ချက်အရ စားအုန်းဆီတစ်ပိဿာလျှင် ၆,၅၈၅ ကျပ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ ယခင်ရက်သတ္တပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်ချက်အရ တစ်ပိဿာလျှင် ၁၈၅ ကျပ် ကျဆင်းခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ထုတ်ပြန်ကြေညာထားတဲ့ စျေးနှုန်းထက် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက် နဲ့ သိုလှောင်ခြင်း အပါအဝင် မသမာတဲ့လုပ်ဆောင်မှုများ ပြုလုပ်ပါက အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။(NVS 004)