ရီးရဲလ်မက်ဒရစ်အသင်းတွင်သာ ဆက်ရှိနေမယ့် ကာမာဗင်ဂါ

31 Oct

ရီးရဲလ်မက်ဒရစ်အသင်း ကွင်းလယ်ကစားသမား ကာမာဗင်ဂါ က မိမိအနေဖြင့် အသင်းမှထွက်ခွာမယ့် သတင်း များက ကောလာဟလများသာဖြစ်ကြောင်းနဲ့ အသင်းတွင်သာ ပျော်ရွှင်လျက်ရှိကြောင်း ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ အသက် ၂၂ နှစ်အရွယ် ကာမာဗင်ဂါ ကို လက်ရှိအချိန်မှာ ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေသော်လည်း ၄င်းက အသင်းတွင်သာ ဆက်ရှိသွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့တာ ဖြစ်ပါတယ်။ ကွင်းလယ်ကစားသမား ကာမာဗင်ဂါ အနေနဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ၂ဝ၂၁-၂၀၂၂ မှ လက်ရှိ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၁၈၈ ပွဲကစားပြီး ငါးဂိုးသွင်းယူထားနိုင်ကာ ရီးရဲလ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ခြေစွမ်းပြ လျက်ရှိပါတယ်။ ကာမာဗင်ဂါ က လက်ရှိမှာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူသွားလိုကြောင်းနဲ့ အသင်းမှာ ပျော်ရွှင်လျက်ရှိကြောင်း ပြောကြားခဲ့ပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .