ဂိုးသမား တာစတီဂျန် ကိုခေါ်ယူရန် စပါးအသင်းနှင့် ချဲလ်ဆီးအသင်းတို့ အပြိုင်စိတ်ဝင်စား

31 Oct

ပရီးမီးယားလိဂ် ကလပ်အသင်းများဖြစ်တဲ့ စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့က ဘာစီလိုနာအသင်းဂိုးသမား တာစတီဂျန် ကိုခေါ်ယူရန် အပြိုင်စိတ်ဝင်စားလျက်ရှိနေကြောင်း သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် ဂိုးသမား တာစတီဂျန် အနေနဲ့ ဘာစီလိုနာအသင်းနှင့်အတူ ၂၀၁၄-၂၀၁၅ မှ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၄၂၂ ပွဲ ကစားပြီး အကောင်းဆုံးလက်စွမ်း ပြနိုင်ခဲ့ခြင်းကြောင့် စပါးအသင်းနဲ့ ချဲလ်ဆီးအသင်းတို့က အပြိုင်ခေါ်ယူရန် စိတ်ဝင်စားနေခြင်း ဖြစ်ပါတယ်။ ဂိုးသမား တာစတီဂျန် ဟာ လက်ရှိအချိန်မှာ အသင်းတာဝန်ရှိသူများနဲ့ အဆင်မပြေဖြစ်နေခြင်းကြောင့် ဘာစီလိုနာအသင်းမှ ထွက်ခွာလိုနေခြင်းဖြစ်ပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .