အာဆင်နယ်အသင်းက ဆာကာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန်စီစဉ်

31 Oct

အာဆင်နယ်အသင်းက အသင်းတောင်ပံကစားသမား ဆာကာ ကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုသွားမယ်လို့ သိရပါတယ်။ ဆာကာ ကို ဥရောပကလပ်အသင်းများစွာက ခေါ်ယူရန် စိတ်ဝင်စားနေခြင်းကြောင့် အာဆင်နယ် အသင်းက စာချုပ်သက်တမ်းတိုးရန် စီစဉ်လာခဲ့ခြင်းဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် တောင်ပံကစားသမား ဆာကာ အနေနဲ့ အာဆင်နယ်အသင်းနှင့်အတူ ၂၀၁၈-၂၀၁၉ မှ ၂၀၂၅-၂ဝ၂၆ ဘောလုံးရာသီအထိ ပြိုင်ပွဲစုံ ၂၇၄ ပွဲကစားပြီး ၇၄ ဂိုးအထိသွင်းယူကာ ခြေစွမ်းပြထားနိုင်ခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်အသင်းက ဆာကာ ကို စာချုပ်သက်တမ်းတိုးရန် စီစဉ်နေကြောင်းနဲ့ ၎င်းဟာ အသင်းအတွက် ကစားသမားကောင်းတစ်ယောက်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။(NVS 008)

31 Oct

ADVERTISE HERE .