ရီးရဲလ်မက်ဒရစ်အသင်းက အနာဂတ်မရေမရာဖြစ်နေသည့် ဗင်နီစီးယက်စ် ရဲ့နေရာမှာ ဟာလန်း နဲ့ ပြန်လည် အစားထိုးရန်ပြင်ဆင်
31 Oct
ရီးရဲလ်မက်ဒရစ်အသင်းက အသင်းနဲ့အနာဂတ်မရေမရာဖြစ်နေတဲ့ ဗင်နီစီးယက်စ် ရဲ့နေရာမှာ မန်စီးတီး အသင်းမှ တိုက်စစ်မှူး ဟာလန်း နဲ့ ပြန်လည်အစားထိုးရန် ပြင်ဆင်နေကြောင်း သိရပါတယ်။ ဗင်နီစီးယက်စ် အနေနဲ့ အစောပိုင်းနှစ်များမှာ ရီးရဲလ်မက်ဒရစ်အသင်းနှင့်အတူ ခြေစွမ်းကောင်းတွေကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း နည်းပြ အလွန်ဆို လက်အောက်တွင် အဆင်မပြေမှုများရှိလာခဲ့ပြီး အယ်ကလက်စီကိုပွဲစဉ်အဖြစ် ကစားခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ ပွဲစဉ်မှာလည်း လူစားလဲခံရသည့် အချိန်တွင် နည်းပြ အလွန်ဆို ကို နှုတ်ဆက်ခြင်းမရှိခဲ့ဘဲ တင်းမာမှုများရှိလာခဲ့ပါတယ်။ အဆိုပါပွဲစဉ်အပြီးတွင် နည်းပြ အလွန်ဆို က ဗင်နီစီးယက်စ် နှင့်ပြဿနာကို ရှင်းလင်းသွားမယ်လို့ ပြောကြားခဲ့ပြီး ဗင်နီစီးယက်စ် ကလည်း ပြန်လည်တောင်းပန်မှုများ လုပ်ဆောင်ခဲ့ပါတယ်။ အစောပိုင်းကတည်းက နည်းပြ အလွန်ဆို က ၎င်းစိတ်ကြိုက် ကစားသမားဖြစ်တဲ့ မန်စီးတီးအသင်းမှ ဟာလန်း ကို ခေါ်ယူလိုနေတာဖြစ်ပြီး ဗင်နီစီးယက်စ် ရဲ့ အနာဂတ်က မရေမရာမှုတွေ ပိုမိုဖြစ်လာခဲ့ပြီးနောက် ဟာလန်း ကိုခေါ်ယူရန် အရှိန်မြှင့်လုပ်ဆောင်လာဖွယ်ရှိကြောင်း သိရပါတယ်။(NVS 008)