မန်ယူအသင်းက တွမ်မီနေး ကို ပြန်လည်ခေါ်ယူရန်ကြိုးပမ်းနေ

31 Oct

မန်ယူအသင်းက လိုအပ်ချက်များရှိနေတဲ့ အသင်းကွင်းလယ်ပိုင်းအတွက် ကစားသမားဟောင်း တစ်ဦး ဖြစ်သည့် တွမ်မီနေး ကို ပြန်လည်ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ တွမ်မီနေး ဟာ ၂၀၂၄ ခုနှစ် နွေရာသီ ကစားသမားအပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းမှ နာပိုလီ အသင်းသို့ ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပထမဆုံးဘောလုံးရာသီမှာပဲ အကောင်းဆုံးခြေစွမ်း ပြသနိုင် ခဲ့ပါတယ်။ ပြီးခဲ့သည့်ဘောလုံးရာသီက တွမ်မီနေး အနေနဲ့ ခြေစွမ်းကောင်းကို ပြသနိုင်ခဲ့ကာ နာပိုလီအသင်း စီးရီးအေ ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ရာတွင် အဓိက ကစားသမားတစ်ဦးအဖြစ် ပါဝင်ခဲ့ပြီး အီတလီစီးရီးအေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့ပါတယ်။ တွမ်မီနေး အနေနဲ့ နာပိုလီအသင်း၌ ခြေစွမ်းကောင်းကို ပြသလျက်ရှိနေသော်လည်း အီတလီနိုင်ငံတွင် အဆင်မပြေဖြစ်နေတဲ့အတွက် အင်္ဂလန်နိုင်ငံသို့ ပြန်လည်ပြောင်းရွှေ့ရန် ကြိုးပမ်းနေတာဖြစ်ပါတယ်။ မန်ယူ အသင်းကလည်း အသင်းကွင်းလယ်ပိုင်းလိုအပ်ချက်ကြောင့် တွမ်မီနေး ကို ပြန်လည်ခေါ်ယူလိုနေပြီး မန်ယူအသင်းနဲ့ အပြိုင် စပါးအသင်းကလည်း ခေါ်ယူရန် ကြိုးပမ်းနေကြောင်း သိရပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .