“စပယ်လက်တီ ကို နည်းပြသစ်အဖြစ် ခန့်အပ်ခဲ့တဲ့ ဂျူဗင်တပ်စ်အသင်း”
31 Oct
ဂျူဗင်တပ်စ်အသင်းဟာ အီတလီလက်ရွေးစင်နည်းပြဟောင်း စပယ်လက်တီ ကို နည်းပြသစ်အဖြစ် ခန့်အပ်လိုက်ကြောင်း သိရပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ခရိုအေးရှားနည်းပြ တူဒေါ ကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး အီတလီနည်းပြ စပယ်လက်တီကို ပြန်လည်အစားထိုးခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ စပယ်လက်တီ ဟာ အီတလီလက်ရွေးစင်အသင်းနဲ့အတူ အီတလီကလပ်အသင်းများစွာနဲ့ ရုရှားကလပ် ဇင်းနစ် အသင်းကို ကိုင်တွယ်ခဲ့ဖူးသူဖြစ်ပြီး နောက်ဆုံးအနေနဲ့ နာပိုလီအသင်းကို ကိုင်တွယ်ခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းကို ကိုင်တွယ်ချိန်က စီးရီးအေချန်ပီယံဆု ရယူနိုင်ခဲ့သလို၊ နာပိုလီ ဟာ သူ့ရဲ့နောက်ဆုံး ကလပ်အသင်းဖြစ်ကြောင်းနဲ့ အီတလီမှာ တခြားကလပ်အသင်းကို ကိုင်တွယ်ဖွယ်မရှိတော့ကြောင်း ပြောကြားခဲ့ဖူး ပေမယ့် ယခုအခါ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ချုပ်ဆိုခဲ့ခြင်း ဖြစ်ပါတယ်။ ဂျူဗင်တပ်စ်အသင်းက စပယ်လက်တီကို ရာသီကုန်အထိသာ စာချုပ်ချုပ်ဆိုခဲ့ပေမယ့် ချန်ပီယံလိဂ်ဝင်ခွင့် ရယူနိုင်ခဲ့ပါက ဆက်လက်စာချုပ်ချုပ်ဆိုမယ့် သဘောတူညီချက်ပါဝင်ကြောင်း သိရပါတယ်။ (NVS 008)