“အောက်တိုဘာလအတွက် ပရီးမီးယားလိဂ်အကောင်းဆုံးဆု ဆန်ခါတင်စာရင်း ထုတ်ပြန်”

31 Oct

ပရီးမီးယားလိဂ်အဖွဲ့ချုပ်ဟာ အောက်တိုဘာလပရီးမီးယားလိဂ်အကောင်းဆုံးဆုအတွက် ဆန်ခါတင်စာရင်း ကို အောက်တိုဘာလ ၂၉ ရက်က ထုတ်ပြန်ခဲ့ပါတယ်။ အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်းမှာ မက်တီကတ်ရှ်(အက်စတွန်ဗီလာ)၊ ဂီမာရေ့စ် (နယူးကာဆယ်)၊ ဟာလန်း(မန်စီးတီး)၊ ခရူပီ(ဘုန်းမောက်)၊ အမ်ဘူမို(မန်ယူ)၊ မူကီလီ(ဆန်းဒါးလန်း)၊ သီယာဂို (ဘရန့်ဖို့ဒ်)နဲ့ တင်ဘာ(အာဆင်နယ်)တို့ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးနည်းပြဆုအတွက် ဆန်ခါတင်စာရင်းမှာ အောက်တိုဘာလအတွင်း ပရီးမီးယားလိဂ်သုံးပွဲစလုံး အနိုင်ရခဲ့ကြတဲ့ အာမိုရင်မ်(မန်ယူ)၊ အာတီတာ(အာဆင်နယ်)၊ အူနိုင်းအမ်မရီ(အက်စတွန်ဗီလာ)တို့နဲ့အတူ အိုင်ရာအိုလာ(ဘုန်းမောက်)တို့ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးသွင်းဂိုးဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ဆယ်မင်ညို၊ ဂျပ်စတင်ကလွိုက်ဗတ်၊ ကိုင်စီဒို၊ ချာအူနာ၊ ဗော်တာမယ်ဒီ၊ ဘူအန်ဒီယာ၊ ဆာလာ၊ ဖလမ်းမင်း တို့ ပါဝင်ခဲ့ပါတယ်။ အကောင်းဆုံးဂိုးသမားဆုအတွက် ဆန်ခါတင်စာရင်းမှာတော့ ရိုအက်ဖ်စ်(ဆန်းဒါလန်း)၊ မက်ဇ်ဆဲလ်စ်(နော်တင်ဟမ်)၊ ဆမ်ဂျွန်စတုန်း(ဝုလ်ဗ်)၊ ဒင်းန်ဟန်ဒါဆန် (ပဲလေ့စ်)၊ ဒူဘရေကာ(ဘန်လေ)၊ ဗစ်ကာရီယို(စပါး)တို့ ပါဝင်ခဲ့ပါတယ်။ (NVS 008)

31 Oct

ADVERTISE HERE .