“အမေရိကန်အနေဖြင့် နျူကလီးယားလက်နက်များ စမ်းသပ်မှုလုပ်လျှင် ရုရှားကတုံ့ပြန်မည်ဟုဆို”
31 Oct
အမေရိကန်နိုင်ငံအနေဖြင့် နျူကလီးယားလက်နက်များ စမ်းသပ်မှုဆိုင်းငံ့သည့် သဘောတူညီချက်ကို ချိုးဖောက်ပြီး နျူကလီးယားလက်နက်များကို စမ်းသပ်မှုများလုပ်ပါက အမေရိကန်၏ လုပ်ဆောင်မှုနှင့်အညီ လက်တုံ့ပြန်မည်ဟု ရုရှားသမ္မတရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့ က အောက်တိုဘာလ ၃ဝ ရက်တွင် ပြောသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က ပင်တဂွန်စစ်ဌာနချုပ်အနေဖြင့် နျူကလီးယားလက်နက်များကို စမ်းသပ်မှုများ ပြန်လည်စတင်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း အောက်တိုဘာလ ၃၀ ရက်တွင် ပြောပြီးနောက် ရုရှားအစိုးရက ယခုကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။ အခြားအင်အားကြီးနိုင်ငံများက နျူကလီးယားလက်နက်များ စမ်းသပ်နေသည့်အတွက် အမေရိကန်က လည်း အလားတူ လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထရမ့် က ပြောထားခြင်းဖြစ်သည်။ သို့သော် ထရမ့် ပြောသကဲ့သို့ ရုရှားနိုင်ငံက နျူကလီးယားလက်နက်များကို စမ်းသပ်ခြင်းမရှိကြောင်း၊ Burevestnik ဒုံးကျည်ကို ရည်ညွှန်းပါက ယင်းသည် နျူကလီးယားလက်နက်စမ်းသပ်မှုမဟုတ်ဘဲ နိုင်ငံတိုင်းက ဆောင်ရွက်ပိုင်ခွင့်ရှိသည့် နိုင်ငံတော် ကာကွယ်ရေးစနစ်ကို စမ်းသပ်ခြင်းသာဖြစ်ကြောင်း ပက်စကော့ က ပြောထားသည်ဟု RT သတင်းဌာနဖော်ပြချက် အရ သိရသည်။