“အယ်ကာရက်ဇ်ကို အနိုင်ရခဲ့ခြင်းက ကစားသမားဘဝ အကြီးမားဆုံးနိုင်ပွဲလို့ပြောတဲ့ နော်ရီ”

30 Oct

ပဲရစ်မာစတာပြိုင်ပွဲမှာ ကမ္ဘာ့အဆင့် (၁) အယ်ကာရက်ဇ်ကို အနိုင်ရတဲ့ပွဲက ကစားသမားဘဝ အကြီးမားဆုံး နိုင်ပွဲ ဖြစ်တယ်လို့ ဗြိတိန်တင်းနစ်သမား နော်ရီ က ပြောကြားလိုက်ပါတယ်။ အခုနှစ် ဝင်ဘယ်ဒန်ကွာတားဖိုင်နယ်မှာ အယ်ကာရက်ဇ်ကို ရှုံးနိမ့်ထားခဲ့ဖူးတဲ့ နော်ရီ ဟာ ပဲရစ်မာစတာ ဒုတိယအဆင့်ပွဲမှာတော့ အယ်ကာရက်ဇ် ကို ၄း၆၊၆း၃၊၆း၄ ဆိုတဲ့ရလဒ်နဲ့ အံ့အားသင့်ဖွယ် အနိုင်ရခဲ့ပြီး နောက်တစ်ဆင့် ကို တက်ရောက်နိုင်ခဲ့ပါတယ်။ အခုနိုင်ပွဲက သူ့ရဲ့ ကစားသမားဘဝ အကြီးမားဆုံးဖြစ်တယ်လို့ နော်ရီကပြောပါတယ်။ ယမန်နှစ်က ပဲရစ်မာစတာပြိုင်ပွဲမှာ နော်ရစ် ဟာ ပထမအဆင့်လက်ရည်စစ်ပွဲမှာပဲ ရှုံးနိမ့်ခဲ့ပြီး အခုနှစ်မှာတော့ အံ့အားသင့်ဖွယ် လက်စွမ်းနဲ့ ၁၆ ဦးအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့အဆင့် (၃၁) မှာရပ်တည်နေတဲ့ နော်ရီ အတွက် အခုနိုင်ပွဲက ကမ္ဘာ့အဆင့် (၁) ကစားသမား တစ်ယောက်ကို ပထမဆုံးအကြိမ်အနိုင်ရတာလည်းဖြစ်ပါတယ်။ အခုပွဲမှာ အယ်ကာရက်ဇ် က ပထမပွဲလတ်မှာ အနိုင်ရလဒ်နဲ့ ဦးဆောင်နိုင်ခဲ့ပေမယ့် နော်ရီ က နောက်ပွဲတွေကို အနိုင်ပြန်ရအောင်ကစားခဲ့နိုင်ကာ နောက်တစ်ဆင့်ကို တက်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .