“ပရီးမီးယားလိဂ်ရဲ့ Hall of Fame မှာ ရွေးချယ်ထည့်သွင်းခံရတဲ့ ဟာဇက်”

30 Oct

ချဲလ်ဆီးအသင်းရဲ့ ကစားသမားဟောင်း ဟာဇက် ဟာ ပရီးမီးယားလိဂ်ရဲ့ ဂုဏ်ထူးဆောင်ကစားသမားစာရင်း Hall of Fame မှာ ရွေးချယ်ထည့်သွင်းခံခဲ့ရကြောင်း သိရပါတယ်။ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ သတ်မှတ်ချက်နဲ့အညီ ထူးထူးခြားခြားစွမ်းဆောင်နိုင်ခဲ့တဲ့ ကစားသမားတွေကို Hall of Fame ထဲ နှစ်အလိုက် ထည့်သွင်းဂုဏ်ပြုနေတာဖြစ်ပြီး ၂၀၂၅ ခုနှစ်အတွက် မန်ယူနောက်ခံလူဟောင်း ဂယ်ရီနဗီးလ် နဲ့ ချဲလ်ဆီးတောင်ပံကစားသမားဟောင်း ဟာဇက် တို့ ထည့်သွင်းခံခဲ့ရပါတယ်။ ဘယ်လ်ဂျီယံကစားသမား ဟာဇက်ဟာ ပရီးမီးယားလိဂ်ပွဲပေါင်း ၂၄၅ ပွဲကစားခဲ့ပြီး ၈၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅၄ ကြိမ်ပြုလုပ်ခဲ့သလို ချန်ပီယံဆု ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။ ဟာဇက်ဟာ ပရီးမီယားလိဂ် Hall of Fame ထဲ ထည့်သွင်းဂုဏ်ပြုခံရတဲ့ ၂၄ ဦးမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရပါတယ်။ (NVS 008)

30 Oct

ADVERTISE HERE .