“၂၀၂၄-၂၅ ရာသီမှာ စံချိန်တင်ဝင်ငွေ ယူရို ၈၃၇ သန်းရရှိခဲ့တဲ့ PSG အသင်း”
30 Oct
PSG အသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ စံချိန်တင်ဝင်ငွေအဖြစ် ယူရို ၈၃၇ သန်း ရရှိခဲ့ကြောင်း သိရပါတယ်။ PSG အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ချန်ပီယံလိဂ်အပါအဝင် ဖလားသုံးလုံးအောင်ပွဲရရှိခဲ့တာကြောင့် ဝင်ငွေမြင့်တက်ခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ကနေ ယူရိုသန်း ၁၅၀ ဝန်းကျင် ရရှိခဲ့ကြောင်းလည်း သိရပါတယ်။ PSG အသင်းဟာ စီးပွားရေးဆိုင်ရာဝင်ငွေ ယူရို ၃၆၇ သန်းရှိခဲ့ပြီး ကွင်းဝင်ကြေးကနေ ယူရို ၁၇၅ သန်း ရရှိခဲ့တာဖြစ်ပြီး အရင်နှစ်က ရရှိခဲ့တဲ့ စုစုပေါင်းဝင်ငွေ ယူရို ၈၀၆ သန်းထက်မြင့်တက်ခဲ့တာကြောင့် စံချိန်သစ်ရရှိခဲ့ခြင်း ဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄-၂၅ ရာသီမှာ ရီးရဲလ်မက်ဒရစ်နဲ့ မန်စီးတီးတို့ရဲ့နောက် တတိယဝင်ငွေအကောင်းဆုံး ကလပ်အသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်းလည်း သိရပါတယ်။PSG အသင်းဟာ အိမ်ကွင်းပွဲစဉ် ၁၇၀ ပွဲဆက်တိုက် လက်မှတ်တွေ အကုန်အစင်ရောင်းချခဲ့ရပေမယ့် ကွင်းဝင်ဆံ့တဲ့ ပရိသတ်အရေအတွက်က ၄၇,၀၀၀ ဝန်းကျင်သာ ရှိတာကြောင့် ဝင်ငွေတွေ တိုးသင့်သလောက်မတိုးခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။ (NVS 008)