“ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ အနှေးနဲ့အမြန် အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဖြစ်လာလိမ့်မယ်လို့ ဂွါဒီယိုလာ ပြောကြား”
30 Oct
မန်စီးတီးနည်းပြ ဂွါဒီယိုလာ က လူငယ်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ အနှေးနဲ့အမြန်ဆိုသလို အင်္ဂလန် လက်ရွေးစင်အသင်းရဲ့ နံပါတ်(၁)ဂိုးသမား ဖြစ်လာလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ မန်စီးတီးအသင်းဟာ အင်္ဂလန်ဂိုးသမား ဂျိမ်းစ်ထရက်ဖို့ဒ် ကို ဒီနှစ်နွေရာသီမှာ ဘန်လေအသင်းကနေ ပေါင် ၃၁ သန်းနဲ့ ခေါ်ယူခဲ့ပေမယ့် အီတလီဂိုးသမား ဒွန်နာရမ်မာ ရောက်လာတာကြောင့် ဂျိမ်းစ်ထရက်ဖို့ဒ် ကို ဒုတိယဂိုးသမားအဖြစ်သာ နေရာပေးခဲ့ပါတယ်။ ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ လိဂ်ဖလားတတိယအဆင့် ဟတ်ဒါဖီးလ်နဲ့ပွဲမှာ ကစားခွင့်ရခဲ့သလို ဂျိမ်းစ်ထရက်ဖို့ဒ် ဟာ ယူရို-၂၀၂၄ ပြိုင်ပွဲအတွက် ကစားသမား ၃၃ ဦး စတင်ရွေးချယ်ချိန်မှာ ပါဝင်ခဲ့ပေမယ့် ၂၆ ဦးစာရင်းဖြတ်ချိန်မှာ ချန်လှပ်ခံခဲ့ရပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားဖူးခြင်း မရှိသေးတာ ဖြစ်ပါတယ်။ (NVS 008)
30 Oct