“အံ့အားသင့်စရာရလဒ်များ ထွက်ပေါ်ခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့် ပွဲစဉ်များ”
30 Oct
အောက်တိုဘာလ ၂၉ ရက်မှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်များမှာ ထင်မှတ်မထားတဲ့ အံ့အားသင့်စရာရလဒ်များ ဖြစ်ပေါ်ခဲ့ပါတယ်။ ကာရာဘောင်ဖလား စတုတ္ထအဆင့်ပွဲစဉ်များမှ လီဗာပူးလ်အသင်းနှင့် ပဲလေ့စ်အသင်းတို့ပွဲစဉ်မှာ ပဲလေ့စ် အသင်းက လီဗာပူးလ်အသင်းကို ၃ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ အာဆင်နယ်အသင်းကတော့ ဘရိုက်တန် အသင်းကို ၂ ဂိုး- ဂိုးမရှိ ၊ မန်စီးတီးအသင်းက ဆွမ်ဆီးအသင်းကို ၃ ဂိုး - ၁ ဂိုး၊ နယူးကာဆယ်လ်အသင်းက စပါးအသင်းကို ၂ ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ကာ ချဲလ်ဆီးအသင်းက ဝုလ်ဗ်အသင်းကို ၃ ဂိုး ၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ အာဆင်နယ်အသင်းနှင့် ပဲလေ့အသင်း၊ ကာဒစ်ဖ်အသင်းနှင့် ချဲလ်ဆီးအသင်း၊ မန်စီးတီးအသင်းနှင့် ဘရန်းဖို့ဒ်အသင်း၊ နယူးကာဆယ်အသင်းနှင့် ဖူဟမ်အသင်း တို့ တွေ့ဆုံနေကြတာ ဖြစ်ပါတယ်။ (NVS 008)
30 Oct