“နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောများအတွက်ဆွေးနွေးရန် အမေရိကန်နှင့်တောင်ကိုရီးယား ဆွေးနွေး”
30 Oct
တောင်ကိုရီးယားနိုင်ငံအတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများလိုအပ်ချက်ကို ဖြည့်ဆည်းနိုင် ရေးနှင့်ပတ်သက်၍ ဆွေးနွေးမှုများလုပ်ဆောင်သွားရန် တောင်ကိုရီးယားနှင့် အမေရိကန်တို့က သဘောတူလိုက် ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် က အောက်တိုဘာလ ၂၉ ရက်တွင် တောင်ကိုရီးယားနိုင်ငံ သို့ ရောက်ရှိလာပြီး သမ္မတ လီဂျေးမြောင် နှင့် တွေ့ဆုံဆွေးနွေးစဉ် တောင်ကိုရီးယားသမ္မတ က နိုင်ငံအတွက် လိုအပ်နေသော နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများကို ရရှိနိုင်ရေး တောင်းဆိုခဲ့ခြင်း ဖြစ်သည်။ ထို့နောက် ထရမ့် က တောင်ကိုရီးယားနိုင်ငံအနေဖြင့် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘော လိုအပ် ကြောင်း သဘောတူပြီး ထိုကိစ္စနှင့်ပတ်သက်၍ နောက်ထပ်ဆွေးနွေးမှုများလုပ်ဆောင်ရန် တောင်းဆိုလိုက်ခြင်း ဖြစ်ကြောင်း တောင်ကိုရီးယားအမျိုးသားလုံခြုံရေးအကြံပေး ဝီဆောင်းလက် က ပြောသည်။ လက်ရှိတွင် တောင် ကိုရီးယားနိုင်ငံက ဒီဇယ်စွမ်းအင်အသုံးပြု ရေငုပ်သင်္ဘောများကိုသာ အသုံးပြုနေခြင်း ဖြစ်သည်။ ထရမ့်သည် APEC အစည်းအဝေးတက်ရန် တောင်ကိုရီးယားနိုင်ငံသို့ရောက်ရှိလာပြီး တောင်ကိုရီးယားသမ္မတက အမေရိကန်သမ္မတ အား နိုင်ငံ၏အမြင့်ဆုံးအဆင့် ဆုတံဆိပ်နှင့်အတူ ရွှေသရဖူကိုပေးအပ်ပြီး ကြိုဆိုကြောင်း Yonhap သတင်းဌာန ဖော်ပြချက်အရ သိရသည်။