“ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ထပ်မံခံယူရမယ့် ကာဗာဂျယ်လ်”

29 Oct

ရီးရဲလ်နောက်ခံကစားသမား ကာဗာဂျယ်လ် ဟာ ဒူးဒဏ်ရာ ခွဲစိတ်ကုသမှု ထပ်မံခံယူရမယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းကလည်း ကာဗာဂျယ်လ် ရဲ့ခွဲစိတ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ ကာဗာဟယ်လ် ဟာ El Clasico ပွဲမှာ ဒဏ်ရာရခဲ့လို့ ၇၂ မိနစ်မှာ လူစားလဲခံရပြီး တနင်္လာနေ့က စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကာဗာဂျယ်လ် ဟာ စက်တင်ဘာ ၂၇ ရက်က မက်ဒရစ်ဒါဘီပွဲမှာ ခြေသလုံးကြွက်သားဒဏ်ရာ ရခဲ့ပြီးနောက် အခု El Clasico ပွဲမှ ပထမဆုံးပြန်လည်ကစားတာ ဖြစ်ပါတယ်။ ရီးရဲလ်အသင်းကတော့ ကာဗာဂျယ်လ် ဘယ်လောက် အနားယူရမယ်ဆိုတာကိုတော့ သတင်းမထုတ်ပြန်ခဲ့ပေမယ့် သတင်းရင်းမြစ်တွေကတော့ ကာဗာဂျယ်လ် အနေနဲ့ လာမယ့်နှစ်စမှ ဘောလုံးပြန်ကစားနိုင်မယ်လို့ သတင်းတွေက ဖော်ပြနေကြပါတယ်။ (NVS 004)

29 Oct

ADVERTISE HERE .