“တူကီယဲဒိုင်လူကြီးများထံမှ လောင်းကစားအကောင့်များ တွေ့ရှိ”
29 Oct
တူကီယဲ ဒိုင်လူကြီး ရာနဲ့ချီထံမှာ လောင်းကစားအကောင့်များ စစ်ဆေးတွေ့ရှိခဲ့ရကြောင်း တူကီယဲ ဘောလုံး အဖွဲ့ချုပ်(TFF)က ပြောကြားခဲ့ပါတယ်။ ငါးနှစ်ကြာ စုံစမ်းစစ်ဆေးမှုအရ ဒိုင်လူကြီး ၅၇၁ ဦးအနက် ၃၇၁ ဦးမှာ လောင်းကစားအကောင့်များ ရှိနေပြီး ၁၅၂ ဦးက လောင်းကစားမှု ပြုလုပ်ခဲ့ကြပါတယ်။ တချို့က တစ်ကြိမ်တည်းသာ လောင်းကစားမှုပြုလုပ်ခဲ့ပေမယ့် ၄၂ ဦးက ဘောလုံးပွဲပေါင်း ၁,၀၀၀ ကျော် လောင်းခဲ့ပါတယ်။ ဒိုင်လူကြီးတစ်ဦးက ၁၈,၂၂၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။ ယင်းစာရင်းထဲမှာ တူကီယဲ အဆင့်မြင့်ဆုံးလိဂ်နှစ်ခုက ဒိုင်လူကြီး ခုနစ်ဦးနဲ့ လက်ထောက် ဒိုင်လူကြီး ၁၂ ဦး ပါဝင်ခဲ့တယ်လို့ TFF ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။ အောက်တန်းလိဂ်တွေကတော့ ဒိုင်လူကြီး ၃၆ ဦးနဲ့ လက်ထောက်ဒိုင်လူကြီး ၉၄ ဦး ပါဝင်ခဲ့ပါတယ်။ (NVS 004)
29 Oct