“ပရီးမီးယားလိဂ်ပွဲစဉ်(၉) ရဲ့ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရတဲ့ အမ်ဘူမို”
29 Oct
မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား အမ်ဘူမို ဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၉)ရဲ့ အကောင်းဆုံး ကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း သိရပါတယ်။ အမ်ဘူမို ဟာ ဘရိုက်တန်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ခြေစွမ်းပြခဲ့တာကြောင့် အခုလိုရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။ ဒီဆုကို ပရိသတ်တွေရဲ့ ဆန္ဒမဲနဲ့ ရွေးချယ်တာဖြစ်ပြီး အမ်ဘူမိုက ဆန္ဒမဲ(၄၅ %)ရရှိခဲ့ပြီး ဗန်ဒီဗန် က (၂၇ %)၊ အက်ဇေး က (၁၀ %)၊ အာရွန်ဆန် က (၆ %)၊ အမာဒူအိုနာနာနဲ့ ချာကာ က (၄ %)၊ ဖလမ်းမင်း နဲ့ ကာယိုဒီ က (၂ %) ရရှိခဲ့ပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်(၈)ရဲ့ အကောင်းဆုံးကစားသမားဆုကိုလည်း မန်ယူနောက်ခံလူ မက်ဂွိုင်းရား ရရှိခဲ့တာကြောင့် ဒီဆုကို မန်ယူကစားသမားတွေအနေနဲ့ နှစ်ပတ်ဆက်တိုက် ရရှိခဲ့ခြင်းဖြစ်ပါတယ်။ (NVS 004)
29 Oct