“အမေရိကန်နှင့်ဂျပန်တို့က မြေရှားဒြပ်စင်နှင့်ပတ်သက်၍ သဘောတူညီချက်ရရှိ”

29 Oct

အမေရိကန်နိုင်ငံနှင့်ဂျပန်နိုင်ငံတို့က အရေးပါသောဓာတ်သတ္တုများနှင့် မြေရှားဒြပ်စင်များကို ထုတ်လုပ် ရောင်းချမှုဆိုင်ရာ သဘောတူညီချက်ရရှိသွားပြီဖြစ်ကြောင်း သိရသည်။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီးရောက်ရှိနေစဉ် ဂျပန်ဝန်ကြီးချုပ်နှင့် တွေ့ဆုံဆွေးနွေးမှုများလုပ်ဆောင်ပြီးနောက် ထိုစာချုပ်ကို အောက်တိုဘာလ ၂၈ ရက်တွင် လက်မှတ်ရေးထိုးနိုင်ခြင်း ဖြစ်သည်။ အဆိုပါသဘောတူစာချုပ်တွင် အဆင့်မြင့်နည်းပညာများနှင့် သက်ဆိုင်ရာစက်မှုလုပ်ငန်းများအပါအဝင် ပြည်တွင်းစက်မှုလုပ်ငန်းများကို ထောက်ပံ့ ပေးနိုင်စေရန်လိုအပ်သော ပူးတွဲစီမံကိန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အရေးပါသောဓာတ်သတ္တုများ၊ မြေရှားဒြပ်စင်များအတွက် မျှတမှုရှိသောဈေးကွက်များကို တိုးမြှင့်ဖော်ဆောင်နိုင်ရေးအတွက် ပူးပေါင်းရင်းနှီးမြှုပ်နှံမှု တို့ လုပ်ဆောင်မည်ဖြစ်ကြောင်းပါဝင်သည်။ အမေရိကန်သမ္မတက တရုတ်နိုင်ငံကို သွင်းကုန်အခွန်တိုးမြှင့်ကောက်ခံမည်ဟူသော သတိပေးချက် ထုတ်ပြန်စဉ် တရုတ်နိုင်ငံကလည်း အမေရိကန်သို့ မြေရှားကဲ့သို့သော အရေးကြီးကုန်ကြမ်းပစ္စည်းများတင်ပို့မှု တားမြစ်ထားကြောင်း RT သတင်းဌာနဖော်ပြချက်အရ သိရသည်။

29 Oct

ADVERTISE HERE .