“ပြိုင်ပွဲစုံ ၁၃ ပွဲအထိ နိုင်ပွဲရရှိသည့် မှတ်တမ်းကိုပိုင်ဆိုင်ခဲ့တဲ့ ဘိုင်ယန်မြူးနစ်အသင်း”

28 Oct

ဘွန်ဒက်လီဂါကလပ် ဘိုင်ယန်မြူးနစ်အသင်းက ယခုနှစ်ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၃ ပွဲကစားခဲ့ရာ ရာနှုန်းပြည့်နိုင်ပွဲရရှိတဲ့ မှတ်တမ်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းအနေနဲ့ ဘွန်ဒက်လီဂါပွဲစဉ်အဖြစ် ဂလာဘတ်အသင်းကို သုံးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့ပြီးနောက် အခုလိုမှတ်တမ်းတစ်ရပ်အား ပိုင်ဆိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနှစ်ဘောလုံးရာသီမှာ ဘွန်ဒက်လီဂါ ချန်ပီယံဆုအပြင် ချန်ပီယံလိဂ် ချန်ပီယံဆုကိုပါ ဆွတ်ခူးနိုင်ရန် ရေပန်းစားလျက်ရှိပါတယ်။ အသင်းနည်းပြ ကွန်ပနီ က အသင်းအနေနဲ့ အခုလိုမှတ်တမ်းကောင်းတစ်ရပ်ကို ပိုင်ဆိုင်ခဲ့လို့ ဂုဏ်ယူ မိကြောင်းနဲ့ အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း အားရကျေနပ်ကာ အသင်းကို အောင်မြင်မှုများရရှိအောင် ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS-008)

28 Oct

ADVERTISE HERE .