“ရီးရဲလ်နည်းပြ အလွန်ဆို က ဘာစီလိုနာအသင်းအား အနိုင်ရရှိခဲ့တဲ့အတွက် အလွန်ကျေနပ်မိကြောင်း ပြောကြား”
28 Oct
စပိန်လာလီဂါပွဲစဉ်(၁ဝ)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ အယ်ကလက်စီကိုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်းက ဘာစီလိုနာအသင်းကို နှစ်ဂိုး၊ တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့အတွက် နည်းပြ အလွန်ဆို က ယခုနိုင်ပွဲအတွက် အလွန် ကျေနပ်မိကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းအတွက် သွင်းဂိုးနှစ်ဂိုးကို ပွဲချိန် ၂၂ မိနစ်တွင် ဘာပေ၊ ပွဲချိန် ၄၃ မိနစ်တွင် ဘယ်လင်ဟမ် တို့က အသီးသီးသွင်းယူခဲ့ပါတယ်။ နည်းပြ အလွန်ဆို က နိုင်ပွဲအတွက် အလွန်ကျေနပ်မိပြီး အသင်းသားတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း အားရကျေနပ်ကာ နောက်ထပ်လာမည့် ပွဲစဉ်တိုင်းကိုလည်း အနိုင်ရရှိအောင် ဆက်လက်ကြိုးစားသွားမယ်လို့ ပြောကြားခဲ့ပါတယ်။ (NVS-008)
28 Oct