“ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် လီဗာပူးလ်အသင်း ဘုတ်အဖွဲ့ဝင်အချို့က နည်းပြဟောင်း ကလော့ပ် ကို ပြန်လည် ခန့်အပ်လိုနေ”
28 Oct
လီဗာပူးလ်အသင်း ဘုတ်အဖွဲ့ဝင်အချို့က အသင်းရလဒ်ပိုင်းများ ဆိုးရွားလာခဲ့တဲ့အတွက် လက်ရှိနည်းပြ အာနီစလော့ ရဲ့ စွမ်းဆောင်ရည်များအပေါ် ယုံကြည်မှုနည်းပါးလာခဲ့ကာ နည်းပြဟောင်း ကလော့ပ် ကို ပြန်လည် ခန့်အပ်လိုနေကြောင်း သိရပါတယ်။ နည်းပြဟောင်း ကလော့ပ် အနေနဲ့ လီဗာပူးလ်အသင်းကို ၂၀၁၅ ခုနှစ်မှာ စတင်တာဝန်ယူကိုင်တွယ်ခဲ့ပြီး အသင်းကို ရလဒ်ကောင်းများရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကာ အသင်းသမိုင်းတစ်လျှောက် ကာလရှည်ဝေးကွာနေခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား၊ ချန်ပီယံလိဂ်ဖလား တို့ကို ဆွတ်ခူးပေးနိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ အသင်းနဲ့ လမ်းခွဲခဲ့တာ ဖြစ်ပါတယ်။ လီဗာပူးလ်အသင်းက နည်းပြ ကလော့ပ် နဲ့ လမ်းခွဲခဲ့ပြီးနောက် နည်းပြသစ်အဖြစ် အာနီစလော့ ကို ခန့်အပ်ခဲ့ပြီး ၎င်းက ပြီးခဲ့တဲ့ ပထမဆုံးဘောလုံးရာသီတွင်ပင် ပရီးမီးယားလိဂ် ချန်ပီယံဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။ သို့သော် လီဗာပူးလ်အသင်းအနေနဲ့ ယခုနှစ်ဘောလုံးရာသီတွင် နည်းပြ အာနီစလော့ လက်အောက်တွင် ရလဒ်များ ဆက်တိုက် ဆိုးရွားနေခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ဘရန့်ဖို့ဒ်အသင်းနဲ့ပွဲစဉ်မှာလည်း ထပ်မံရှုံးနိမ့်ခဲ့ပြီး နောက်ဆုံးကစားခဲ့သည့် ပရီးမီးယားလိဂ် လေးပွဲဆက် ရှုံးနိမ့်ခဲ့ပါတယ်။ ပြိုင်ပွဲစုံ နောက်ဆုံးခြောက်ပွဲတွင် တစ်ပွဲသာအနိုင်ရရှိခဲ့ပြီး ငါးပွဲထိ ရှုံးနိမ့် ခဲ့ပြီးနောက် နည်းပြ အာနီစလော့ ရဲ့ အနာဂတ်မှာလည်း မရေမရာဖြစ်လာခဲ့ပါတယ်။ နည်းပြဟောင်း ကလော့ပ် အနေနဲ့ လီဗာပူးလ်အသင်းမှ ထွက်ခွာခဲ့ပြီးနောက် ရက်ဘူးလ်အုပ်စုတွင် အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်နေသော်လည်း မကြာမီ နည်းပြလောကသို့ ပြန်လည်ဝင်ရောက်ဖွယ် ရှိနေကြောင်းသိရပါတယ်။(NVS-008)