“တောင်တရုတ်ပင်လယ်အတွင်း အမေရိကန်မှ တိုက်လေယာဉ်တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းတို့ မိနစ် ၃၀ ခြားပြီး ပျက်ကျ”

28 Oct

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က အာရှဒေသသို့ရောက်ရှိနေစဉ် အမေရိကန်တပ်မတော်မှတိုက်လေယာဉ် တစ်စင်းနှင့်ရဟတ်ယာဉ်တစ်စင်းသည် တောင်တရုတ်ပင်လယ်အတွင်း မိနစ် ၃၀ ခြားပြီး ပျက်ကျမှု ဖြစ်ပွားခဲ့ ကြောင်း သိရသည်။ တောင်တရုတ်ပင်လယ်အတွင်းရှိ USS Nimitz လေယာဉ်တင်သင်္ဘောပေါ်၌ တာဝန် ထမ်းဆောင်နေသော Sea Hawk ရဟတ်ယာဉ်တစ်စင်းသည် ပုံမှန်လုပ်ငန်းများဆောင်ရွက်နေစဉ် အောက်တိုဘာ လ ၂၆ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်တွင်ပျက်ကျကြောင်း အမေရိကန်ရေတပ်က လူမှုကွန်ရက်၌ တင်ထားသည်။ အလားတူ ထိုလေယာဉ်တင်သင်္ဘောမှ F/A-18F Super Hornet တိုက်လေယာဉ်သည် ဒေသစံတော်ချိန် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်တွင် ပျက်ကျမှုဖြစ်ပွားကြောင်း၊ ယင်းမတော်တဆမှုများအတွင်း ပါဝင်သူ ငါးဦးစလုံးမှာ အသက်ဘေး စိုးရိမ်ရခြင်းမရှိကြောင်းနှင့်စုံစမ်းစစ်ဆေးမှုများကို လုပ်ဆောင်နေကြောင်း အမေရိကန်ရေတပ်က အောက်တိုဘာလ ၂၇ ရက်တွင် လူမှုကွန်ရက် ၌ တင်ထားသည်။ ယင်းလေယာဉ်တင်သင်္ဘောဦးဆောင်သော တိုက်ခိုက်ရေးအုပ်သည် အမေရိကန်အနောက်ဘက်ကမ်းရိုးတန်းဒေသသို့မပြန်မီ တောင်တရုတ်ပင်လယ်အတွင်း နောက်ဆုံးအကျော့ လှည့်ပတ်သွားလာမှုလုပ်စဉ် ယခုကဲ့သို့မတော်တဆမှုများနှင့်ရင်ဆိုင်ရခြင်းဖြစ်ကြောင်း Bangkok Post သတင်းဌာနဖော်ပြချက်အရ သိရသည်။

28 Oct

ADVERTISE HERE .