“ပယ်နယ်တီဂိုး သွင်းယူစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့တဲ့ ဒီဘရိုင်း”

27 Oct

နာပိုလီကွင်းလယ်ကစားသမား ဒီဘရိုင်းဟာ အင်တာမီလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ပယ်နယ်တီဂိုး သွင်းယူစဉ် တံကောက်ကြောဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒီဘရိုင်းအနေနဲ့ ပယ်နယ်တီကို ဂိုးဝင်အောင်သွင်းယူနိုင်ပေမဲ့ ချက်ချင်းပဲ ညာတံကောက်ကြောဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။ နာပိုလီအသင်းဆေးအဖွဲ့ဝင် နှစ်ဦးက ဒီဘရိုင်း ကို တွဲပြီး ကွင်းထဲက ခေါ်ဆောင်သွားခဲ့ ရပါတယ်။ နာပိုလီအသင်းနည်းပြ ကွန်တီ က အသင်းမှာ ဒဏ်ရာပြဿနာတွေရှိပြီး ဒီဘရိုင်း ဒဏ်ရာရခဲ့လို့ ကံမကောင်းတဲ့နှစ်လို့ ပြောကြားခဲ့ပါတယ်။ နာပိုလီအနေနဲ့ အခုနိုင်ပွဲကြောင့် စီးရီးအေအမှတ်ပေးဇယားထိပ်ဆုံးကို ပြန်လည်ရောက်ရှိလာခဲ့ပြီး နှစ်ပွဲဆက်အရှုံးကနေ နိုင်ပွဲပြန်လည်ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။(NVS 008)

27 Oct

ADVERTISE HERE .