“ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပြိုင်ပွဲစုံ ပွဲ ၃၀၀ ပြည့်မြောက်ခဲ့တဲ့ ဘရူနိုဖာနန်ဒက်စ်”
27 Oct
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ် ဟာ ဘရိုက်တန်အသင်းနဲ့ပွဲမှာ ပွဲထွက်ကစားပြီးနောက် အသင်းနဲ့အတူ ပြိုင်ပွဲစုံ ပွဲ ၃၀၀ ပြည့်မြောက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဖာနန်ဒက်စ် ဟာ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလက ပြောင်းရွှေ့ကြေးယူရို ၅၅ သန်းနဲ့ရောက်ရှိလာပြီး နည်းပြ ဖာဂူဆန် ခေတ်လွန်မှာ အသင်းရဲ့အကောင်းဆုံးခေါ်ယူမှုတွေထဲကတစ်ခု ဖြစ်ခဲ့ပါတယ်။ ဖာနန်ဒက်စ် ဟာ မန်ယူနဲ့ ပရီးမီးယားလိဂ်ပွဲ ၂၀၄ ပွဲ၊ FA ဖလား ပွဲ ၂၃ ပွဲ၊ လိဂ်ဖလားပွဲ ၁၄ ပွဲ၊ ဥရောပပွဲ ၅၈ ပွဲ၊ ကွန်မြူနတီဒိုင်းတစ်ပွဲ ကစားခဲ့ပါတယ်။ အခု ပွဲ ၃၀၀ ပြည့်မှာ ဂိုးပါဝင်ပတ်သက်မှု ၁၈၇ ဂိုးရှိကာ သွင်းဂိုး ၁၀၀ သွင်းယူထားပြီး ဂိုးဖန်တီးမှု ၈၇ ကြိမ်အထိ ဖန်တီးပေးထားပါတယ်။ မန်ယူအသင်းမှာကစားတဲ့ ခြောက်ရာသီနီးပါးမှာ ပရီးမီးယားလိဂ် ရှစ်ပွဲသာ လွဲချော်ခဲ့ပါတယ်။ ဘရူနိုဖာနန်ဒက်စ် ဟာ အသင်းနဲ့အတူ လိဂ်ဖလား၊ FA ဖလားတွေ ဆွတ်ခူးထားပါတယ်။ (NVS 008)