“ပဲလေ့စ်အသင်းကို အနိုင်ရတာက တန်ဖိုးအကြီးဆုံးနိုင်ပွဲလို့ ပြောကြားခဲ့တဲ့ အာဆင်နယ်နည်းပြ အာတီတာ”
27 Oct
အာဆင်နယ်အသင်းရဲ့နည်းပြ အာတီတာ က ခရစ္စတယ်ပဲလေ့စ်အသင်းကို အနိုင်ရတာက အခုရာသီအတွက် တန်ဖိုးအကြီးဆုံးနိုင်ပွဲလို့ သုံးသပ်ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၉)မှာ အာဆင်နယ်အသင်းက ခရစ္စတယ်ပဲ လေ့စ်အသင်းကို တစ် ဂိုး၊ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့ပြီး တစ်လုံးတည်းသောအနိုင်ဂိုးကို ပဲလေ့စ်ကစားသမားဟောင်း အက်ဇေး က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် အာဆင်နယ်အသင်းဟာ မန်စီးတီးအသင်းနဲ့ မန်ယူအသင်းတို့ကို ၆ မှတ်၊ လီဗာပူးလ် အသင်းကို ၇ မှတ်၊ ချဲလ်ဆီးအသင်းကို ၈ မှတ်ဖြတ်နိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် မျှော်လင့်ချက်တွေ ရှိလာခဲ့ပါတယ်။ အခုနိုင်ပွဲက အာဆင်နယ်အသင်းအတွက် ပရီးမီးယားလိဂ်မှာ နိုင်ပွဲ(၇၀၀)ပြည့်အဖြစ် မှတ်တမ်းဝင်ခဲ့ပြီး အာဆင်နယ် အသင်းဟာ ပြိုင်ပွဲစုံနောက်ဆုံး ၁၀ ပွဲဆက်ရှုံံးပွဲမရှိတဲ့မှတ်တမ်း၊ နောက်ဆုံး ၇ ပွဲဆက် အနိုင်ရတဲ့ မှတ်တမ်းနှင့် နောက်ဆုံး ၅ ပွဲဆက် ပေးဂိုးမရှိတဲ့မှတ်တမ်းတွေလည်း ပိုင်ဆိုင်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်ရဲ့ သက်တမ်းတစ်လျှောက် နိုင်ပွဲအများဆုံးအသင်းမှာ မန်ယူအသင်းက နိုင်ပွဲ ၇၆၀ အထိ ရှိနေပါတယ်။ (NVS 008)