“ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့က အာဆီယံထိပ်သီးညီလာခံ၌ ငြိမ်းချမ်းရေးသဘောတူညီချက်ကို လက်မှတ်ထိုး”

27 Oct

မလေးရှားနိုင်ငံ၌ အောက်တိုဘာလ ၂၆ ရက်တွင် ကျင်းပသော အာဆီယံထိပ်သီးညီလာခံ၌ ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ ဝန်ကြီးချုပ်များက နှစ်နိုင်ငံကြား ငြိမ်းချမ်းရေးသဘောတူစာချုပ်ကို လက်မှတ်ရေးထိုးခဲ့ ကြောင်းသိရသည်။ အဆိုပါလက်မှတ်ရေးထိုးပွဲအခမ်းအနားကို အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ ဝန်ကြီးချုပ်နှင့် အမေရိကန်သမ္မတ တို့က သဘာပတိအဖြစ်ဆောင်ရွက်ကာ အသိသက်သေများအဖြစ်ပါဝင် လက်မှတ်ရေးထိုးခဲ့သည်။ ထိုစာချုပ်အရ နှစ်နိုင်ငံစလုံးအနေဖြင့် ရန်ပြုတိုက်ခိုက်မှုများကို ရပ်တန့်ပြီး အိမ်နီးချင်းကောင်း ဆက်ဆံရေး တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ ထိုင်းကဖမ်းဆီးထားသည့် ကမ္ဘောဒီးယားစစ်သည် ၁၈ ဦးကို ပြန်လွှတ်ပေးမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးကိုစောင့်ကြည့်ရန် လေ့လာသူများကို စေလွှတ်သွားမည်ဖြစ်ကြောင်း သဘောတူထားခြင်းဖြစ်သည်။ ယခုရရှိသည့် သဘောတူညီချက်သည် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေးထက် ရေရှည်တည်တံ့ ခိုင်မြဲသော ငြိမ်းချမ်းရေးဆီသို့ အဓိကဦးတည်ကြောင်း တာဝန်ရှိသူများကပြောသည်။ ထို့ပြင် ယခုကျင်းပသော အာဆီယံထိပ်သီးညီလာခံ၌ တီမောလက်စတေနိုင်ငံကို အာဆီယံ၏ ၁၁ နိုင်ငံ မြောက် အဖွဲ့ဝင်နိုင်ငံအဖြစ် သတ်မှတ်လိုက်သည့် ကြေညာချက်ကိုလည်း ထုတ်ပြန်ခဲ့ကြောင်း ST သတင်းဌာန၏ ဖော်ပြချက်အရသိရသည်။

27 Oct

ADVERTISE HERE .